Music Theory လေ့လာခြင်း အပိုင်း(၁)အခန်း(၁)

 

Music Theory လေ့လာခြင်း
အပိုင်း(၁)အခန်း(၁)
=================================
Music (ဂီတ) ဆိုသည်မှာ အဘယ်နည်း?
Music (ဂီတ)နှင့်ပတ်သတ်၍ အဓိပ္ပါယ်ဖွင့်ဆိုချက်ဟာ ကမ္ဘာနဲ့အဝှမ်း ပုံစံအမျိုးမျိုးနဲ့ရှိကြပါ
တယ်ခင်ဗျ။ ဥပမာအနေနဲ့ပြောရရင် ကမ္ဘာကျော်ပြဇာတ်ဆရာကြီး William Shakespeare
(ဝီလီယံ ရွိတ္စပီးယား)တော့
 
 " Music is thefood of love"
(ဂီတဆိုတာ ချစ်ခြင်း၏အာဟာရ) လို့အနက်ဖွင့်တယ်။
 
စာရေးဆရာကြီး Bernard Shaw(ဘားနက်ရှော)ကတော့ 
 "Music is brandy of the damned"
(ဂီတဆိုတာ ငရဲခန်း၏ ဘရန်ဒီတစ်ခွက်)လို့ အဓိပ္ပါယ်ဖွင့်တယ်။
 
ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီး Leibnitz(လိုင်ဘနိစ်)ကေတာ့ 
"Music is the soundingmathematics"
(ဂီတဆိုတာ အသံပိုင်းဆိုင်ရာတွက်ချက်မှုသင်္ချာပညာရပ်)လို့ အဓိပ္ပာယ်ဖွင့်တယ်။
 
အခြားအဓိပ္ပါယ်ဖွင့်ဆိုချက်အမျိုးမျိုးကတော့...
"Music is the art"
(ဂီတသည် အနုပညာ)၊
"Music is the craft"
(ဂီတသည် ယာဉ်တစ်စင်း)
"Music is the science of organizing sound"
(အသံပိုင်းဆိုင်ရာ သိပ္ပံပညာ)
စသည်ဖြင့် အသီးသီးရှိကြပါတယ်။
 
(ဖြစ်နိုင်ရင် မိတ်ဆွေတို့လဲ ကိုယ့်ခံစားချက်ကိုယ့်ခံယူချက်အတိုင်း Comment မြာ music (ဂီတ)ကို ကြိုက်နှစ်သက်သလို အဓိပ္ပါယ်ဖွင့်ဆို ပေးနိုင်ကြပါတယ်...ခံစားချက်အလှအပတွေကို တစ်ဦးနဲ့တစ်ဦးဖလှယ်တဲ့သဘောပါ...)
 
အနောက်တိုင်းဂီတပညာရှင်အချို့ကတော့ "ဂီတဆိုတာ သတ်မှတ်ထားတဲ့ စည်းချက်
အတိုင်းအတာ တစ်ခုအတွင်း အသံ(Tones) တွေကိုစနစ်တကျ စီစဉ်ထည့်သွင်းခြင်း" လို့ လက်ခံကြပါသေးတယ်။ အဲဒီ့တော့(Tones) ဆိုတာဘာလဲလို့ လေ့လာဖို့လိုလာပါပြီ။
နောက်ထပ် အလျင်းသင့်ရင်တော့ Tones နဲ့ Pitch တွေ အကြောင်းကို ထပ်ရှင်းပြပါ့မယ်။
(အဲဒါမှ Myanmar idol ကြည့်တဲ့အခါ ဒိုင်တွေပြောပြောနေတဲ့ "မောင်လေးရဲ့ Tones colour က ဘာဖြစ်တယ်..." တို့ "သမီး ကေတာ့ High Pitch ကို မရောကျဘူး..."
"သားက အိမ်မှာကော တီးလား(guitar ပြောတာနော်)" ...တို့...ဘာတို့...စသည်ဖြင့် ဝိုင်းဖွဲ့ အကဲဖြတ်ကြတဲ့အခါ အဲဒီ့ဒိုင်တွေ ပြောတာ တကယ်ဟုတ်မဟုတ်  ကိုယ့်ဖာသာကိုယ် နားထောင်ပြီး MPT တို့ Ooredoo တို့ကို လုပ်ကျွေး...အဲလေ...ယောင်လို့. ကိုယ်ကြိုက်တဲ့ အဆိုတော်ကို တိတိက်က် Voating တွေပေးနိုင်တာပေါ့ဗျာ...)
============
(တတ်သလောက်မှတ်သလောက်)
 
 
 
Share on Google Plus

About ဆရာကြီး

0 comments:

Post a Comment