
 


 Music Theory အပိုင်း(၁) အခန်း(၃)
==========================
ဒို,ရေ,မီ,ဖာ ဆိုတာ ဘာတွေလဲ ?
ပြီးခဲ့တဲ့ အခန်း(၂)မှာ အသံထွက်ဟူသမျှသည် Tones... အသံအနိမ့်အမြင့်များသည်Pitchလို့ ကျနော်တို့သိခဲ့ရပါပြီ။ ဒီတော့ ကျနော်တို့ တေးသွားလေးတစ်ပုဒ် လောက် ညည်းကြည့်ကြရအောင်ဗျာ...အဲဒီ့သီချင်းလေးက မိတ်ဆွေတို့  မူကြိုကျောင်းသားဘဝက ဘော်ဒါတွေနဲ့တပျော်တပါး ဝိုင်းဖွဲ့ဟစ်ကျွေးခဲ့တဲ့ "ရောင်စုံဘောလုံး" ဆိုတဲ့သီချင်းလေးပါ။ ကဲ ကျနော်တို့တစ်တွေ မူကြိုကျောင်းထဲ ခဏပြန်ဝင်ပြီး တစ်ကျော့ပြန် ဟစ်ကြတာပေါ့။ ခလေးဘဝက Tones colour တွေ ခလေးသံ High pitch လေးတွေတော့ ခုချိန်မှာ ပြန်မရတော့ဘူးပေါ့ဗျာ။ဒါပေမယ့် ကျနော်နဲ့အတူ ညီညီညာညာ ပြန်ဆိုကြည့်ရအောင်ပါ။
ကဲ Let's start the show...ready...1,2,3,4
"ရောင်...စုံ...ဘော...လုံး...ရောင်...စုံ...ဘော...လုံး"
ဟိုးထား...တော်ပြီ...အရမ်းကောင်းတယ် အဲလောက်ဆိုရပြီ။အခုဆိုလိုက်တဲ့ အပိုဒ်လေးရဲ့
Pitch တန်ဖိုးတွေကို Frequency နဲ့ပြရရင်..."ရောင်...စုံ...ဘော...လုံး...ရောင်...စုံ...ဘော...လုံး" 523Hz,587Hz,659Hz,523Hz,523Hz, 587Hz,659Hz,523Hz...စသည်ဖြင့်ရှိပါတယ်။ အဲဒီ Frequency value တွေအတိုင်း တီးဝိုင်းဆရာတွေ၊အဆိုတော်တွေကို 523,587,659 စသည်ဖြင့် ကိန်းဂဏန်းတွေကို Note အဖြစ်ပေး ပြီး တီးခိုင်း ဆိုခိုင်းမယ်ဆိုရင် မျက်စိတွေ ပြူးပြာ ရူးခါပြီး Notes တစ်ကြောင်းဖတ်လိုက် မျက်စဉ်းတစ်ခါခပ်လိုက်၊Notes တစ်ကြောင်း ဖတ်လိုက် တေဇောဘမ်း နားထင်ပွတ်လိုက်တွေဖြစ်ကုန်မှာပေါ့ဗျာ။ ဒါပေမယ့် အဲဒီဝဋ်ဆင်းရဲကနေကူညီစောင်မမယ့် ပညာရှင်တစ်ယောက် ဤဘဒ္ဒကမ္ဘာမှာ ပေါ်ထွန်းခဲ့ပါတယ်။သူကတော့ အတွေးအခေါ် ပညာရှင်ကြီး Pythagoras (570 - 495 BC) ဖြစ်ပါတယ်။အီဂျစ်ပြည်က ပိရမစ်ကြီးတွေ၊ ယနေ့အသုံးပြုနေတဲ့ တြိဂံပုံစံတွေကို design ဆွဲခဲ့တဲ့သူပေါ့ဗျာ။ဒါကြောင့်သု့ကို (Triangle man)လို့လဲခေါ်ကြပါတယ်။ "ဒို,ရေ,မီ,ဖာ တတ်ရင်...အိုနေပြီသာမှတ်...ရို့ ရို့" ဆိုပြီး မြန်မာပြည်ဖွား Rapper တစ်ဦးကတော့သီချင်းစပ်ဆိုခဲ့တာကြားဖူးတယ်။ ဟုတ်မှာပါ...Pythagoras ဟာ ခရစ်တော်မဖွားမြင်မီ နှစ်၅၀၀ကျော်လောက်(လွန်ခဲ့တဲ့နှစ် ၂၅၀၀ ကျော်)ကပေါ်ခဲ့တဲ့သူဆိုတော့ အတော်အိုပြီပေါ့ဗျ...မဟုတ်ဖူးလား။သူက လူတွေရဲ့နားကလက်ခံနိုင်လောက်တဲ့ အသံတွေထဲကမှ တစ်ခုနဲ့တစ်ခု အနှောင့်အယှက်ကင်းကင်းနဲ့ သဲကွဲစွာကြားနိုင်တဲ့ ပင်မအသံ ၇ ခုဖြစ်တဲ့ "ဒို ရေ မီ ဖာ ဆို လာ တီ" ဆိုတဲ့ Diatonic Scale, အပြင် ကြားသံ ၅ သံထပ်ဖြည့်ထားတဲ့  "ဒို (ဒီ) ရေ (ရီ) မီ ဖာ (ဖီ) ဆို (ဆီ) လာ (ထာ) တီ" ဆိုတဲ့ အသံ ၁၂ ခုပါ Chromatic Scale  တို့ကို တီထွင်ခဲ့ပါတယ်။

စန္ဒယားပေါ်က ခလုပ်အဖြူရောင်တွေဟာ Diatonic တွေဖြစ်ပြီး၊ အဖြူကောအမဲကော
ပေါင်းလိုက်ရင် Chromaticဖြစ်သွားတယ်လို့  အလွယ်မှတ်နိုင်ပါတယ်။ အဲဒီတော့ "ဒို" ကို "1"လို့သတ်မှတ်ပြီး "ရေ"ကို "2" လို့ သတ်မှတ်လိုက်ရင်...
" 1...2...3...4...5...6...7..."
 ..ဒို ရေ မီ ဖာ ဆို လာ တီ...စသည်ဖြင့် ရလာတာပေါ့ဗျာ...ဟုတ်ကဲ့လား...အဲဒါကို musical terms အနေနဲ့ "Solfeggio Method" လို့ခေါ်ပါတယ်...
ဪ...မေ့လို့...ကျနော်တို့မူကြိုကျောင်းက မဆင်းသေးဘူးနော်။အဲဒီ့တော့ "ရောင်စုံဘောလုံး"ဆီ ပြန်သွားကြရရင်...523Hz,587Hz,အဲဒီ့နေရာ တွေမှာ "ဒို,ရေ,မီ,ဖာ"ဆိုတဲ့ "1,2,3,4"တွေအစားထိုးဖြည့်ကြည့်လိုက်တော့...
"ရောင်...စုံ...ဘော...လုံး...ရောင်...စုံ...ဘော...လုံး"
...1.......2......3........1........1.......2......3.......1...
...ဒို......ရေ....မီ........ဒို........ဒို........ရေ....မီ......ဒို...
အဲဒီလိုဖြစ်သွားပါတယ်။မျက်စဉ်းဖိုးတို့ တေဇောဘမ်းဖိုးတို့ သက်သာသွားပြီပေါ့နော်။ နောက်တစ်ခုက "ဒို" ကို "C" လို့သတ်မှတ်ပြီး "ရေ"ကို "D"လို့ သတ်မှတ်ကြည့်ရအောင်ဗျာ...
ဒါဆိုရင်...
...1...2...3...4...5...6...7...
...C...D...E...F...G...A...B...
...ဒို..ရေ..မီ..ဖာ..ဆို..လာ..တီ.. အဲလိုထပ်ရသွားပြန်တာပေါ့ဗျာ။
"ခင်ဗျားကလဲ...လိုရင်းပြောလိုက်ရင်ပြီးနေတဲ့ ဟာကို ဘယ့်နှယ့်ကမ္ဘာ့သမိုင်းတွေ ရာဇဝင်တွေက ပုဂ္ဂိုလ်တွေပါ ပါလာရတာတုန်း...ဗျ"...လို့ ကျနော့်ကို မေးချင်မှာပေါ့။အဖြေကတော့..."... ကျေး...ဇူး...ရှိ...လို့...ပေါ့...ဗျာ..."

ခုခေတ်ကြီးဟာ အဆင်သင့် ခူးခပ်စားသုံးရတဲ့ခေတ်ကြီးပါ။ ဘာမှ သိပ်ပင်ပင်ပန်းပန်း
တီထွင်နေစရာ မလိုတော့ပါဘူး။ ဥပမာ ကျနော်တို့ အမိဝမ်းကကျွတ်ကတည်းက
လျှပ်စစ်မီးတွေ့နေရပါပြီ...(ခဏ ခဏပျက်တာပဲဆိုးတာ)...ဒါပေမယ့် အမြဲတမ်းမီးလာနေရင်လဲပြည်သူအများက အစိုးရကိုပဲ ကျေးဇူးတင်ကြမှာပါ...လျပ်စစ်မီးကို တီထွင်ခဲ့တဲ့ "Thomas Alva Edison" ကိုတော့ ကျေးဇူးတင်မှာမဟုတ်ပါဘူး။ထွင်တဲ့လူကထွင်ပေးခဲ့တာကို ဘာလို့မှန်မှန်မပေးနိုင်လဲဆိုတာတော့ ဘုရားပဲ သိမယ်။
(Edison သာရှိသေးရင် လွှတ်တော်ထဲအတင်းဝင်ပြီး နားရင်းလိုက်အုပ်မှာ ကြိမ်းသေပဲ) ပြောရင်းနဲ့ မဆိုင်တာတွေရောက်ကုန်ပြီ...ကဲကဲ...မူကြိုကျောင်းဆင်းခေါင်းလောင်းလဲထိုးနေပြီ...နားကြဦးစို့ရဲ့...

See you soon


===========
(တတ်သလောက် မှတ်သလောက်)

 
 
 
Share on Google Plus

About ဆရာကြီး

0 comments:

Post a Comment