Music Theory အပိုင်း( ၂ ) ၊ အခန်း( ၅ )

 





Music Theory အပိုင်း( ၂ ) ၊ အခန်း( ၅ )...
🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥🚥
🎶...International note for theory...( Part 5 )
🏎🏎🏎🏎🏎🏎🏎🏎🏎🏎🏎🏎🏎🏎🏎🏎
🙏...အားလုံးပဲ မင်္ဂလာပါခင်ဗျာ...
ကျနော်တို့တွေ ပြီးခဲ့တဲ့ အပိုင်း( ၂) အခန်း(၄) မှာ...
"Rest sign" , "Dotted note" , "Tie note" ,
"Slur" နဲ့ "Triplet note" တွေအကြောင်းကို...
အခြေခံလေးတွေ ကျနော်သိသလောက်ကလေး
ရှင်းပြခဲ့ ပြီးပါပြီ...။
ယခုတစ်ပတ်မှာ ကျနော်ဆွေးနွေးမယ့်အကြောင်းအရာကတော့..." Time Signature " တွေအကြောင်းပါ...
⏰..."Time Signature"...
==================
"Time" ဆိုတာ "အချိန်"...
"Signature "ဆိုတာက "သ​င်္ကေတ"...
အဲဒီ့တော့..."Time Signature" ဆိုတာ...
"အချိန် သင်္ကေတ" ပေါ့ဗျာ...နော်...။
ဆီလျှော်အောင် ဘာသာ​ပြန်ရရင်..."နရီ သင်္ကေတ"...လို့
မြန်မာမှု ပြုလိုက်လို့ ရပါတယ်...။
"Time Signature" ကို...Staf note မှာဆိုရင်
Claf sign ရဲ့ ကပ်လျက်မှာ 4/4 , 2/4 , 6/8 , 12/4
စသည်ဖြင့် ဖော်ပြပေးထားတတ်ပါတယ်...။
အရပ်ထဲကအတိုင်း ဥပမာပေးရရင်တော့...
" ဟျောင့်...သားကြီး..."
"ဘာလဲ...ယောက်ဖ"
"ငါရေးထားတဲ့ သီချင်းလေး...မင်းရဲ့ guitar နဲ့
တီးပေးစမ်းပါကွာ...
ရော့..ဒီမှာသီချင်းစာရွက်...Chords ပါထည့်ပြီးသား..."
"ဘာ style နဲ့တီးရမှာလဲကွ..."
" 4/4 Timing နဲ့...
downbeat အနှေးလေးပဲတီးပေး..."
------။------
အဲဒီ့ Dialogue ထဲမှာပါတဲ့ "4/4 Timing" ဆိုတာ
ကျနော်ဆိုလိုတဲ့ " Time Signature " ပါပဲ ခင်ဗျ...။
အနောက်တိုင်းဂီတမှာ 4/4 Timing, 3/4 Timing,
2/4 Timing, 6/8 Timing စသည်ဖြင့် အမျိုးအစား
များစွာရှိကြပါတယ်...။
4/4 Timing ကတော့ လူသိအများဆုံးပါ...။
အများအားဖြင့် Rock,Country,Reggae,Pop,
Hip Hop တွေအပြင်...မြန်မာ့ရိုးရာဂီတမှာပါ 4/4 Timing နဲ့ပဲ တီးကြ ရေးကြတာ များပါတယ်...။
နောက်တစ်ခုက...4/4 Timing ကို သီချင်းအတော်များများမှာ အသုံးပြုကြလို့ဆိုပြီး...သူ့ကို
"Common timing" လို့လည်း ခေါ်ကြပါသေးတယ်။
အဲဒါကြောင့်...Staf note နဲ့ဖော်ပြတဲ့အခါ...
Claf ရဲ့ နောက်မှာ "4/4" လို့ ရေးကြသလို...
Capital Letter "C" လို့လည်း ရေးနိုင်ကြပါတယ်...။
( အဲဒီ့ "C" ဟာ Common Timing ကိုကိုယ်စားပြု
ပြီးရေးတာပါ... "C " key ကိုပြောခြင်းမဟုတ်ပါ...)
ဒါပေမယ့် အဲဒီ့ 4/4 Timing ကနေ နဲနဲလေး သွေဖယ်
ပြီး 3/4 တို့...12/4 တို့နဲ့ note ချပေးကြည့်လိုက်ရင်
စတင်လေ့လာသူအတော်များများဟာ ဘာလုပ်လို့ လုပ်ရမှန်းမသိ၊ ဘယ်လိုကြည့်လို့ ကြည့်ရမှန်းမသိတွေ ဖြစ်ကုန်တတ်ကြပါတယ်...။
အဲဒီ့ပြဿနာကို ကျနော်တို့ ယခုစတင်ဖြေရှင်းကြပါ
တော့မယ်...ခင်ဗျ...။နဲနဲလေး အာရုံစိုက်လိုက် ရုံပါပဲ...။
"Time Signature" ဆိုတာဟာ...
• တစ်bar မှာ beat ဘယ်နှချက် ပါဝင်တယ်...
• ဘယ်လို note value အမျိုးအစားကို one beat လို့သတ်မှတ်တယ်...
ဆိုတဲ့ အချက်အလက် ၂ ခုထဲကိုပြတဲ့ သင်္ကေတပါ...။
အဲဒါကို သိရင် အားလုံးပွဲပြီးပါပြီ...။
တေးသွားတစ်ခုမှာ beatတွေနဲ့ note value တွေ
ဘယ်လိုဖွဲ့စည်းတည်ဆောက်ထားတယ်ဆိုတာကို
သတ်မှတ် (metering) လုပ်ပြီးဖော်ပြပေးလို့...တချို့က
"meter signature" လို့ သုံးနှုန်းကြပါတယ်။
ဥပမာ...4/4 Timing ဆိုရင်...
အပေါ်က 4 သည် တစ်bar မှာ beat ၄ချက် ပါဝင်တယ်
လို့ ဖော်ပြတာဖြစ်ပြီး...
အောက်က 4 သည် note value အနေနဲ့ Quarter note တစ်ခုစာကို one beat လို့ယူဆခိုင်းတာဖြစ်ပါတယ်
အပေါ်က အပိုင်းကိန်းက bar တစ်ခုမှာ ပါဝင်မယ့် beat အရေအတွက် ကိုပြတယ်...
• 5/4 ဆိုရင် တစ်bar မှာ ၅ beat
• 4/4 ဆိုရင် တစ်bar မှာ ၄ beat
• 3/4 ဆိုရင် တစ်bar မှာ ၃ beat
• 2/4 ဆိုရင် တစ်bar မှာ ၂ beat
စသည်ဖြင့် အပေါ်က အပိုင်းကိန်းတွေ ရေတွက်တာကို ရှင်းရှင်းလင်းလင်းသဘောပေါက်ကြမှာပါ...။
ပြဿနာက...အောက်က အပိုင်းကိန်းတွေဗျ...
သူတို့ကကျတော့ one beat လို့ ယူဆရမယ့်
Note တန်ဖိုးတွေကိုပြတယ်...
• 4/1 ဆိုရင် Whole note တစ်ခုစာကို one beat
• 4/2 ဆိုရင် Half note တစ်ခုစာကို one beat
• 4/4 ဆိုရင် Quarter note တစ်ခုစာကို one beat
• 4/8 ဆိုရင် Eight note တစ်ခုစာကို one beat
စသည်ဖြင့် ယူဆရမှာပါ...။
ကျနော်တို့တွေဟာ...အရင်က 4/4 Timing အတိုင်း
Quarter note တစ်ခုကို one beat ဆိုပြီး ငယ်ငယ်ထဲက ယူဆမိခဲ့ကြတော့...ကျန်တဲ့ Timing တွေကိုလဲ 4/4 လိုပဲလို့ယူဆရင်း အရိုးစွဲပြီး လွဲကုန်ကြတာပါ။
ကဲ...ဒါဆို 3/4 Timing ဆိုကြပါစို့...
အဲဒီ့မှာ 3 ဆိုတာသည် တစ်bar မှာ beat ၃ချက်ပါဝင်တယ်လို့ ရေတွက်ယူဆရမှာ ဖြစ်ပြီး...
4 ဆိုတာသည် Quarter note တစ်ခုစာကို one beat လို့
ယူဆရမှာ ဖြစ်ပါတယ် ခင်ဗျ...။
6/8 Timing ဆိုရင်...
6 သည်...တစ်bar မှာ beat ၆ချက် ပါဝင်တယ်လို့
ရေတွက်ယူဆရမှာဖြစ်ပြီး...
8 သည်...Eight note တစ်ခုစာကို one beat လို့ ယူဆ
ရမှာ ဖြစ်ပါတယ်...။
12/4 Timing ဆိုရင်...
12 သည်...တစ်bar မှာ beat ၁၂ ချက်ပါဝင်တယ်လို့
ရေတွက်ယူဆရမှာဖြစ်ပြီး...
4 သည်...Quarter note တစ်ခုစာကို one beat လို့ ယူဆရမှာ ဖြစ်ပါတယ်...။
2/4 Timing ဆိုရင်...
2 သည်...တစ်bar မှာ ၂beat ရှိတယ်လို့ ရေတွက်ယူဆရမှာဖြစ်ပြီး...
4 သည်...Quarter note တစ်ခုစာကို one beat လို့
ယူဆရမှာဖြစ်ပါတယ်...။
နောက်တစ်ခုက 2/2 Timing ပါ...
အပေါ်က 2 သည်...တစ်bar မှာ ၂beat ရှိတယ်လို့ ရေတွက်ယူဆရမှာဖြစ်ပြီး...
အောက်က 2 သည်...Half note တစ်ခုစာကို one beat
ရှိတယ်လို့ ယူဆရမှာဖြစ်ပါတယ်...။
အဲ့ဒါအပြင်...2/2 Timing ကို ဖော်ပြတဲ့နေရာမှာ...
Staf note ဆိုရင် Claf sign ရဲ့ ဘေးမှာ 2/2 လို့ရေးပြီး ဖော်ပြတဲ့အပြင်..."C" ကို အလယ်ကဒေါင်လိုက်မျဥ်း
ကြောင်းလေးဆွဲပြီး ဖော်ပြလို့ ရပါသေးတယ်...။
4/4 မှာတုန်းက " Common Timing" ကို "C" လို့...
Claf ဘေးမှာ ရေးသလိုပဲ...2/2 ဟာ 4/4 ရဲ့ တစ်ဝက်
ဖြစ်တဲ့အတွက်..."C" ကို အလယ်က ဒေါင်လိုက်မျဥ်းကြောင်းလေးနဲ့ တစ်ဝက်ဝက်ပြီး ဖော်ပြတဲ့ သဘောပါ။
နောက်ဆုံးပြောပြချင်တဲ့ အကြောင်းအရာက...
"Timing Changing" အကြောင်းပါ...။
Timing Changing ဆိုတာက...သီချင်းတစ်ပုဒ်ထဲမှာပဲ မူလ Timing ကနေ နောက်ထပ် Timing တစ်ခုကို ပြောင်းလဲလိုက်တာပါ...။
အချို့သော Jazz သီချင်းတွေ...Metal rock သီချင်းတွေမှာ Timing changing လုပ်ပြီး တီးခတ်တတ်ကြပါတယ်...။
ဥပမာ...သီချင်းတစ်ပုဒ်လုံးကို ပထမ 4/4 Timing နဲ့
တီးခတ်လာရာကနေပြီး...တေးသွားပိုဒ် တစ်ပိုဒ်အရောက်မှာ 3/4 Timing ကို ရုတ်တရက် ပြောင်းလဲတီးခတ်လိုက်တာပါ...။
အဲဒီ့လို Timing changing ပြုလုပ်မယ်ဆိုရင်...
ပထမ Timing အဆုံးမှာ Double bar line ခံပြီး
နောက်ထပ် "Timing Signature" တစ်ခု ထပ်ရေး
ရပါတယ်...။
အဲလောက်ဆိုရင်..."Time Signature" တွေနဲ့
ပတ်သတ်ပြီး...ကျနော့် မိတ်ဆွေတွေ အခြေခံသဘော
လောက်တော့ သိပြီလို့ ယူဆနိုင်ပါတယ်ဗျာ...
မိတ်ဆွေတို့ လေ့လာနိုင်အောင်လို့ ...
"Time Signature" နဲ့ပတ်သတ်တဲ့ ပုံလေးတွေပါ
ကျနော် တင်ပေးထားပါတယ်...စာလေးဖတ်လိုက်
ပုံလေးတွေ ကြည့်လိုက်နဲ့ လေ့ကျင့်ကြည့်ကြပါ...။
အထပ်မြင့်အဆောက်အဦးတစ်ခုဟာ Foundation
ကောင်းမှ လိုသလို အလှဆင်နိုင်သလို...
ကျနော်ကတော့...အခြေခံသိသင့်တာလေးတွေကိုပဲ
Foundation အနေနဲ့ တင်ပြဆွေးနွေးရုံပါ...ခင်ဗျ...။
ဂီတဆိုတာဟာ...လေ့လာလို့ မကုန်နိုင်တဲ့ အရာဆိုတော့
ကျနော်ပြောသလောက်နဲ့ မတင်းတိမ်ပဲ ထပ်မံလေ့လာကြမယ်ဆိုရင်...ကျနော်သိသလောက် ရှင်းပြတာထက်
ပိုမိုသိမြင်နားလည်လာကြမှာပါဗျာ...။
🙏...ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ...
ချမ်းသာကြပါစေ...လို့ ဆုတောင်းရင်း...
Nay Lin Aung
==========
( တတ်သလောက် မှတ်သလောက် )
 
 
 
Share on Google Plus

About ဆရာကြီး

0 comments:

Post a Comment