Music Theory အပိုင်း(၁) အခန်း(၁၂)

 


📀 Music Theory အပိုင်း(၁) အခန်း(၁၂)
☢☢☢☢☢☢☢☢☢☢☢☣☣☣
🎶..." Mode" ဆိုတာ ဘာလဲ...?
🔊 အားလုံးပဲ မင်္ဂလာပါ...ခင်ဗျ... 🎵 🎵 🎵
ပြီးခဲ့တဲ့ အခန်းတွေမှာ...ကျနော်တို့
Music နဲ့ပတ်သတ်တဲ့...Pitch တွေ, Tone တွေ,
Interval တွေ, Major scale, minor scales တွေနဲ့...သူတို့ရဲ့ family chords တွေအကြောင်း
ကို...အခြေခံသဘောလောက် ဆွေးနွေးခဲ့ကြပြီး
ပါပြီ...
ခုတစ်ခါထပ်မံတင်ပြမှာကတော့...
"Modes" တွေအကြောင်းပါ...
အရမ်းအရေးကြီးပါတယ်...ခင်ဗျ...။
အချို့ဝါသနာရှင်တွေဟာ...စိတ်ထဲက ခံစားမှု
တွေအတိုင်း...သီချင်းတွေ ရေးကြ၊ဆိုကြ
တီးကြပါတယ်...။ဒါပေမယ့်...ကိုယ်ရေးလိုက်တဲ့
သီချင်းကို ကိုယ် Chords မထည့်တတ်လို့...
သူများဆီမှာ Chords သွားထည့်ခိုင်းရတာတွေ
ရှိပါတယ်...။
ကျနော့်ကို မေးခွန်းမေးတဲ့ မိတ်ဆွေအချို့ဆိုရင်...
"ကျနော်က...family chords တွေသိပြီးသားဗျ...
ဒီသီချင်းရဲ့...ဟိုနေရာကျတော့...ဘာ Chord
ထည့်ရမှန်းမသိ ဖြစ်နေလို့ပါ...သိရင်တစ်ချက်
လောက်...ပြောပြပေးပါ..."တဲ့...
အချို့ကြတော့လဲ facebook မှာ post တင်ပြီး...
"...ဟိုသီချင်းရဲ့ Chord လေးရှိရင်...ပေးကြပါ
ဆရာတို့..." ဆိုတာက တစ်မျိုး...
"...ဒီသီချင်းရဲ့ Note လေးရှိရင်...အလင်းပြကြပါ
အစ်ကိုတို့..." ဆိုတာက တစ်ဖုံ...
အဲဒီ့လို ပြဿနာတွေ Online ပေါ်မှာ...
နေ့စဉ်မြင်တွေ့နေရပါတယ်...။
မြန်မာလူမျိုးစိတ်ဓာတ်ကလဲ...ချစ်စရာဗျ...
"မသိလို့...ပေးပါ" ၊ "မရှိလို့...ပေးပါ" ဆိုတာနဲ့...
မရှိရှိတာ ရှာဖွေပြီး ပေးကြတာပါပဲ...
ဒါပေမယ့်...အဲဒီ့ပြဿနာကတော့ ပြီးဆုံးသွားမှာ
မဟုတ်ပါဘူး...။နေ့စဉ်နဲ့အမျှ...တောင်းသူနဲ့
ပေးသူတွေရဲ့ သံသရာဟာ ဆုံးမှာမဟုတ်ပါဘူး။
ဒီတစ်ပုဒ်ရရင်လဲ နောက်တစ်ပုဒ်ထပ်တောင်းဦး
မှာပဲ...။ပေးတဲ့စတနာရှင်တွေကလဲ သိသလောက်
တတ်သလောက် ပေးနေကြမှာပါပဲ...။
အဲဒီ့ပြဿနာများ၊ မေးခွန်းများကို အဆုံးသတ်စေ
ချင်ရင်တော့...Music Theory ကို လေ့လာဖို့
လိုလာပါပြီ...။
သီချင်းတပုဒ်မှာ...Chords ဘယ်လိုထည့်ရလဲ
ဆိုတဲ့...မေးခွန်းကို ကျနော်အရမ်းကို ဖြေချင်
တာပါ...ဒါပေမယ့် မဖြေရဲဘူးဗျ...
ဘာကြောင့်လဲဆိုတော့...ကျနော်ရှင်းပြလို့
နားထောင်နေတဲ့လူဟာ Musical knowledge
အခြေခံမရှိရင်...သူ မသိတာတွေ များနေတော့...
သူဟာ ဂီတကို ကြောက်သွားတတ်ပါတယ်...။
(ကျနော်ငယ်ငယ်က ဖြစ်ဖူးလို့ပါ...)
အဲဒီ့အတွက်...အခြေခံကနေ သိသလောက်
တတ်သလောက်ကလေး ကျနော်စရှင်းနေတာပါ။
သိပြီးသား မိတ်ဆွေများ၊ဆရာများလည်း ရှိကြ
မှာပါ...။ကျနော်များ အမှားပါရှိရင်လည်း...
ဝေဖန် ထောက်ပြပေးနိုင်ကြပါတယ်...။
ယခုတင်ပြမယ့်..."Mode" ဟာ...သီချင်းရေးကြ
မယ့် မိတ်ဆွေများ...၊တူရိယာလက်စွမ်းပြကြမယ့်
မိတ်ဆွေများ...၊ သီချင်း Chords ထည့်ချင်ကြတဲ့
မိတ်ဆွေများအတွက်...မရှိမဖြစ်...မသိမဖြစ်တဲ့
အကြောင်းအရာ...လက်နက်ကြီးပါ...။
Guitar တွေ၊ Keyboard တွေ၊ Violin တွေကို
ဘော်ဒါတွေနဲ့ စုဖွဲ့တီးကြတဲ့အခါ...
Chord တွေ တော့သိတယ်...Note လဲဖတ်တတ်
တယ်...ဒါပေမယ့် Notes မရှိလို့ တောကြည့်
တောင်ကြည့်နဲ့ ဘာတီးလို့တီးရမှန်းမသိ ဖြစ်နေ
တဲ့မိတ်ဆွေများအနေနဲ့ဆိုရင်လဲ...ယခုတင်ပြမယ့်
"Modes" တွေအကြောင်းကို လေ့လာထားသင့်
ပါတယ်...။ဒါမှ...Improvisation ခေါ်တဲ့...
Chord ကိုမြင်နေ၊ ကြားနေရုံလေးနဲ့...
တေးသွား Melody ကိုခံစားပြီး...မိမိနှစ်သက်ရာ
တူရိယာကို လက်တမ်းတီးနိုင်မှာပါ...
အဲဒီ့အခါ...ကိုယ်စီစဉ်လိုက်တဲ့တီးလုံးဟာ...
တစ်ခါတစ်ရံမှာ...မူရင်းသီချင်းထက်တောင်
ပိုကောင်းနေတတ်ပါတယ်...
အဲဒီ့လိုလုပ်နိုင်ဖို့...မိတ်ဆွေတို့ဟာ...
➀ Music Theory ကို ဦးနှောက်ထဲမှာထား...
➁ တီးလိုက်တဲ့ Chords တွေကို နားနဲ့ နားထောင်
➂ သီချင်း သံစဉ်ကို နှလုံးသားနဲ့ ခံစား...
➃ မိမိကျွမ်းကျင်ရာ တူရိယာကို တီးပါ...
စတဲ့...အဆင့် ၄ ဆင့် လိုအပ်ပါတယ်...
ကျနော်ဆွေးနွေးနိုင်တာ...နံပါတ်(၁) ပဲ ရှိပါတယ်..
ကျန်တာ ကိုယ့်ဟာကိုယ် လုပ်ယူရမှာပါ...
ဒါကြောင့်... စိတ်ထားကောင်းမှ...နှလုံးသားလှမယ်...
နှလုံးသားလှမှ...ခံစားတတ်မယ်...
ခံစားတတ်မှ...သံစဉ်တွေလှပမှာပါ...
ဒါမှ...အရင်အခန်းတွေမှာ ကျနော်ပြောခဲ့တဲ့...
ဂီတမှူးတစ်ယောက်ရဲ့ အရည်အချင်းတွေရမှာပါ။
ကဲ...ဒီတော့ စလိုက်ကြရအောင်...ဗျာ... ♬ ♪
🎶..."Mode"... 🎵
🗝 🗝 🗝 🗝 🗝 🗝
"Mode" ဆိုတာကတော့...ကျနော်တို့ အရင်
အခန်းတွေမှာ လေ့လာခဲ့တဲ့...Scale တွေပါပဲ...
ဒါပေမယ့် သူတို့ရဲ့ Degree တစ်ခုချင်းစီမှာ
သူတို့နဲ့သက်ဆိုင်တဲ့ Mode တွေရှိပါတယ်...
ဥပမာ...Major scale သည်...
"C" key အနေနဲ့ဆိုရင်...
".....C.....D.....E.....F.....G.....A.....B.....C
".........W....W....H....W....W....W....H....."
ဟုတ်ပါတယ်နော်...
"Mode" ဆိုတာက...အဲဒီ့အသံ ၈ ခုမှာ...
စချင်တဲ့ အသံက စပြီး အသံတွေကို ထပ်မံစီစဉ်
တာကို..."Mode" လို့ ဆိုလိုတာပါ...
တစ်နည်းအားဖြင့်...Scale တစ်ခုရဲ့ note အသံ တွေထဲက ကြိုက်ရာ အသံကနေစပြီး ပြန်လည်စီစဉ်တာပေါ့ဗျာ...
༻ ༻ ༻ ༻ ༻ ༻ ༻ ༻ ༻
အခြေခံ Modes ၇ မျိုးရှိပါတယ်...အဲဒါတွေက...
➀ Ionian mode...
➁ Dorian mode...
➂ Phrygian mode...
➃ Lydian mode...
➄ Mixolydian mode...
➅ Aeolian mode...
➆ Locrian mode...စသည်တို့ ဖြစ်ပါတယ်...။
ကဲဒါဆို...တစ်ခုချင်းစီ ရှင်းရအောင်ဗျာ...
🔔 🔔 🔔 🔔 🔔 🔔 🔔 🔔 🔔 🔔 🔔 🔔
➀...Ionian mode...
🎧 🎧 🎧 🎧 🎧 🎧
Ionian mode ဆိုတာက...
Major scale ကိုစီစဉ်လိုက်ရင်...ပထမဆုံး degree note ကနေ စတင်ရေတွက်တာပါ...
ဥပမာ..."C" key အနေနဲ့ဆိုရင်...Major scale က
".....C.....D.....E.....F.....G.....A.....B.....C...."
..........W....W....H....W....W....W....H....
အဲဒီ့ကမှ...ပထမဆုံး degree note ကနေ... စတင်စီစဉ်ရမယ်ဆိုတော့...."C" က ပထမဆုံး
degree note မဟုတ်လား...ဗျ...အဲဒီ့တော့...
".....C.....D.....E.....F.....G.....A.....B.....C...."
..........W....W....H....W....W.....W....H.....
အဲဒီ့လိုမရဘူးလား...။
အဲဒါသည်..."C" Major Scale ပဲ မဟုတ်လားဗျ။
အတူတူပဲလေ...။
↔ ↔ ↔ ↔ ↔ ↔ ↔ ↔ ↔ ↔ ↔ ↔
➁...Dorian mode...
📯 📯 📯 📯 📯 📯
Dorian mode ကျတော့...Major scale ရဲ့
ဒုတိယ degree ကနေ စတင်စီစဉ်ရမှာပါ...
ဥပမာ..."C" major scale နဲ့ စတင်စီစဉ်ရရင်...
ဒုတိယ degree က..."D" မဟုတ်လားဗျ...
အဲဒီ့တော့...
".....D.....E.....F.....G.....A.....B.....C.....D....."
.........W.....H....W....W....W....H.....W......
ဟုတ်ပါတယ်နော်....အဲဒီ့တော့...
Dirian mode ရဲ့ ...Interval တွေဟာ...
Natural minor scale ရဲ့ခြောက်ခုမြောက်
အသံကို...Half step ထပ်မြှင့်လိုက်တာနဲ့
မတူဘူးလားဗျ...(နားမလည်ရင်...minor scale
အခန်းက Interval တွေကို ပြန်ကြည့်ပါ...)
↔ ↔ ↔ ↔ ↔ ↔ ↔ ↔ ↔ ↔ ↔ ↔
➂...Phrygian mode...
🎸 🎸 🎸 🎸 🎸 🎸 🎸
Phrygian mode ကျတော့...Major scale ရဲ့
တတိယ degree ကနေ စတင်စီစဉ်ရမှာပါ...
"C" key အနေနဲ့ဆိုရင်...တတိယ degree က...
"E" မဟုတ်လားဗျာ...အဲဒီ့တော့...
".....E.....F.....G.....A.....B.....C.....D.....E....."
.........H....W.....W....W....H.....W....W.....
ဟုတ်ပါတယ်နော်...
↔ ↔ ↔ ↔ ↔ ↔ ↔ ↔ ↔ ↔ ↔ ↔
➃...Lydian mode...
🎙 🎙 🎙 🎙 🎙 🎙
Lydian mode ကျတော့...Major scale ရဲ့
လေးခုမြောက် degree ကနေ စတွက်ရမှာပါ...
"C" key အနေနဲ့ဆိုရင်...လေးခုမြောက်က...
"F" မဟုတ်လားဗျ...အဲဒါဆို...
".....F......G.....A.....B.....C.....D.....E.....F....."
.........W.....W.....W....H....W.....W....H......
သူကျတော့...Major scale ရဲ့ စတုတ္ထအသံကို
Half step ထပ်မြှင့်လိုက်တာနဲ့ တူမနေဘူးလား...
(မသိရင်...Major scale အခန်းမှာပြန်ကြည့်ပါ)
↔ ↔ ↔ ↔ ↔ ↔ ↔ ↔ ↔ ↔ ↔ ↔
➄...Mixolydian mode...
🎺 🎺 🎺 🎺 🎺 🎺 🎺
Mixolydian mode ကျတော့...Major scale
ရဲ့ ငါးခုမြောက် degree ကနေ ...
စတင် စီစဉ်ရမှာပါ...အဲဒီ့တော့...
"C" key အနေနဲ့ဆိုရင်...
".....G.....A.....B.....C.....D.....E.....F.....G....."
..........W....W....H.....W....W....H....W.......
ဒါဆို...Major scale ရဲ့...ခုနှစ်ခုမြောက် အသံကို
Half step နောက်ဆုတ်လိုက်တာပဲ...မဟုတ်လား
↔ ↔ ↔ ↔ ↔ ↔ ↔ ↔ ↔ ↔ ↔ ↔
➅...Aeolian mode...
🎷 🎷 🎷 🎷 🎷 🎷
Aeolian mode ကျတော့...Major scale ရဲ့
ခြောက်ခုမြောက် အသံကနေ စတင်စီစဉ်ရမှာပါ။
အဲဒီ့လိုဆိုတော့..."C" key အနေနဲ့ဆိုရင်...
".....A.....B.....C.....D.....E.....F.....G.....A....."
.........W.....H....W.....W....H....W....W......
အဲဒါဆို...Natural minor scale ရဲ့ Interval.တွေနဲ့ သွားမတူပြန်ဘူးလားဗျာ...
↔ ↔ ↔ ↔ ↔ ↔ ↔ ↔ ↔ ↔ ↔ ↔
➆...Locrian mode...
🎻 🎻 🎻 🎻 🎻 🎻 🎻
Locrian mode ကျတော့...Major scale ရဲ့
ခုနှစ်ခုမြောက် အသံကနေ စတင်စီစဉ်ရမှာပါ...
"C" key အနေနဲ့ ဆိုရင်တော့...ခုနှစ်ခုမြောက်က
"B" ပေါ့ဗျာ...နော်...အဲဒီ့တော့...
".....B.....C.....D.....E.....F.....G.....A.....B....."
..........H....W....W....H.....W....W.....W......
အဲဒီ့လိုရသွားတာပေါ့...။
↔ ↔ ↔ ↔ ↔ ↔ ↔ ↔ ↔ ↔ ↔ ↔
ကဲ...ဒါဆို...ကျနော်တို့...အထက်က Mode များအကြောင်းကို...အကျဉ်းချုပ်လိုက်ရရင်...
①...Ionian mode သည်...Major scale နှင့်
Interval ချင်းတူသည်...(major group)
②...Dorian mode သည်...minor scale ရဲ့
ခြောက်ခုမြောက် degree ကို Half step မြှင့်
လိုက်ခြင်းပင် ဖြစ်သည်...(minor group)
③...Phrygian mode သည်...အရမ်းလှပတဲ့...
spanish flamengo တေးသွားတွေမှာ သုံးတတ်
ပါတယ်...(minor group)
④...Lydian mode သည်...Major scale ၏
စတုတ္ထမြောက် degree ကို Half step မြှင့်လိုက်ခြင်းဖြစ်သည်...(Major group)
⑤...Mixolydian mode သည်...Major scale
၏ ခုနှစ်ခုမြောက် degree ကို Half step နောက်
ဆုတ်လိုက်ခြင်း ဖြစ်သည်...(Major group)
⑥...Aeolian mode သည်...Natural minor
scale နှင့် Interval ချင်း ဆင်တူသည်...
(minor group)
⑦...Locrian mode သည်...Theory အနေနဲ့သာ ထည့်သွင်းထားရခြင်းဖြစ်သည်...
သိပ်အသုံးမပြုကြပါ...အချို့သော Jazz အမျိုးအစား တေးသီချင်းများတွင်သာ အသုံး
ပြုသည်...
မိတ်ဆွေတို့ကိုကျနော်...
Mode တွေအကြောင်း...ဗဟုသုတအနေနဲ့
မိတ်ဆက်ပေးရုံပဲ ရှိပါသေးတယ်နော်...
အခုရောက်နေတဲ့အထိတော့...သေချာလေ့ကျင့်
တွက်ချက်ကြည့်ထားကြပါဦး...
အများကြီးထပ်ပြောရင်...မမှတ်မိတော့မှာစိုးလို့
ပါ...ခင်ဗျ...
နောက်တော့မှ...အဲဒီ့ Mode တွေထဲကနေ
Chords တွေ ဘယ်လိုတည်ဆောက်တယ်...
Solo တွေဘယ်လို တီးတယ် ဆိုတာကို...
ထပ်မံဆွေးနွေးပေးသွားမှာပါ...
🕷 🕷 🕷 🕷 🕷 🕷 🕷 🕷 🕷 🕷 🕷 🕷
"...ဟာဗျာ...ခင်ဗျားကလဲ...ဒီတိုင်းကြီး ထားမသွားနဲ့လေ...နဲနဲပါးပါးတော့...
ဘယ်လိုတီးရလဲ...ဘာလဲ...လောက်တော့...
ရှင်းပြသွားဦးလေဗျာ..."
"...ဗျာ...ကျနော် နေသိပ်မကောင်းလို့...
အိမ်ပြန်ပြီး အနားယူချင်လို့ပါ...ခုလို နေသိပ်မကောင်းတဲ့အချိန်...ဘရန်ဒီလေး
တူးပက်လောက်နဲ့...ကြက်ခြေထောက် ချဉ်စပ်
ဟင်းရည်လေးသောက်လိုက်ရရင်...
နေပြန်ကောင်းသွားမှာဗျ..."
"ဟာဗျာ...မပြန်ပါနဲ့ဦးဗျာ...ဒီည ကျနော်တို့...
ကောင်မလေးတွေအဆောင်ရှေ့မှာ Guitar သွားတီးကြမှာဆိုတော့...ဟိုဖက်ရပ်ကွက်
ကနေ ဖွန်လာကြောင်တဲ့ ကောင်တွေထက်...
ကျနော်တို့ လက်သံက ပိုမိုက်နေမှ ဖြစ်မှာဗျ..."
"ကဲ...ဒါဆို...ကျနော်မပြန်ခင် "အာလူး" လေးတစ်ခုလောက် လက်ဆောင်ပေးခဲ့မယ်..."
"ခင်ဗျာ..."
"...အာလူးလေ.....မလိုချင်ဘူးလား...ဗျ..."
"...ခင်ဗျာ့...အာလူး...ကျုပ်က ဘာလုပ်ရမှာလဲ"
"အာလူးဆိုတာ...တစ်ယောက်ယောက်က ဘာ Chord တီးတီး...သီချင်းမသိလည်း နောက်ကနေ Lead Guitar တွေ,Violin တွေ,keyboard တွေ
ကို နားထောင်ကောင်းအောင်,Chord ထဲဝင်အောင်...ရမ်းသမ်းတီးတဲ့နည်းလေးပါ...
အဲဒါကို...အာလူးတီးတယ်လို့...ခေါ်တယ်ဗျ..."
"...ဟာ...အဲဒါဆိုလုပ်ဗျာ...မြန်မြန်သင်ပေးတော့
တော်ကြာ...နောက်ကျနေရင်...ကောင်မလေးတွေ
မျှော်နေတော့မှာ..."
"ကဲ...မိတ်ဆွေတို့က...ဥပမာ..."C" key နဲ့...
သီချင်းတစ်ပုဒ် တီးကြတယ် ဆိုပါတော့...
အဖွဲ့ထဲက တစ်ယောက်က Rhythm တီးနေတယ်...သူတီးနေတဲ့ Chords တွေက...
//C - - - /Em - - - / Dm - - - / G - - -/C - - -//
ဆိုပါစို့...အဲဒါ..."C" Major scale ရဲ့ family
Chords တွေ မဟုတ်လားဗျ...
အဲဒီ့မှာ..."C" ဟာ C Major scale ရဲ့
ပထမဆုံး note မဟုတ်လား...အဲဒီ့တော့...
မိတ်ဆွေက နောက် Guitar တစ်လုံးနဲ့
"C" Major scale ကိုတီးလိုက်ပါ...
တနည်းအားဖြင့်...Ionian mode ကိုတီးချ
လိုက်ရမှာပေါ့...
နောက်တစ်ခုက "Em" ဆိုတော့...
"E" သည် "C" Major scale ရဲ့ တတိယမြောက်
note မဟုတ်လား...အဲဒါဆို မိတ်ဆွေက...
C Major scale ကို တတိယမြောက် note ကနေ
စတီးချလိုက်ပေါ့...တနည်းအားဖြင့်...
Phrygian mode ကို တီးရမှာပေါ့...
နောက်တစ်ခုက "Dm" မဟုတ်လား...
"D" သည်.. C Major scale ရဲ့ ဒုတိယမြောက်
မဟုတ်လား...အဲဒီ့တော့ "C" Major scale ကို
ဒုတိယမြောက် note ဖြစ်တဲ့ "D" ကနေ စတီး
လိုက်ပေါ့...တနည်းအားဖြင့်...Dorian mode
ပေါ့ဗျာ...
နောက်ထပ် "G" chord ကိုထပ်မတွေ့ဘူးလား...
"G" သည်..."C" Major scale ရဲ့ ငါးခုမြောက်
note မဟုတ်ဖူးလားဗျ...အဲဒီ့တော့...မိတ်ဆွေက
"C" Major scale ကို "G" ကနေစတီးရမှာပေါ့...
တစ်နည်းအားဖြင့်...Mixolydian mode ကို
တီးချလိုက်ရမှာပေါ့...ဗျာ...
နောက်ထပ်..."Am" Chord ပါလာဦးမယ်ဆိုရင်...
"A" သည် "C" Major scale ရဲ့ ခြောက်ခုမြောက်
note ဆိုတော့..."A" Natural minor scale
(သို့မဟုတ်) "C" Major scale ရဲ့...
Aeolian mode ကိုတီးချလိုက်ပေါ့ဗျာ...
နောက်တစ်ခါ "F" chord ပါထပ်ပါလာတယ်
ဆိုရင်..."F" သည်..."C"Major scale ရဲ့...
စတုတ္ထမြောက် note မဟုတ်လားဗျ...အဲဒီ့တော့
မိတ်ဆွေက..."C"Major scale ရဲ့ လေးခုမြောက်
note ကနေ စတီးချလိုက်ပေါ့ဗျာ...တစ်နည်းအား
ဖြင့်...Lydian mode ပေါ့...
"ကဲ...ရှင်းပြီလားဗျ..."
"ဒါဆို...C Major scale လေးတီးတတ်ရုံနဲ့...
C major scale ရဲ့ family chords တွေကို
ကြိုက်တာတီး...နောက်ကနေလိုက်ပြီး...
ဖောရှော...အာလူးတီးနေလို့ရပြီပေါ့နော်..."
"Of course...မှန်တာပေါ့ဗျာ...
ကဲဒါဆို...ကျနော့်ကို ခွင့်ပြုဦး...see you..."
Nay Lin Aung
===========
(တတ်သလောက် မှတ်သလောက်)
 
 
 
Share on Google Plus

About ဆရာကြီး

0 comments:

Post a Comment