Music Theory လေ့လာခြင်း အပိုင်း(၁) အခန်း(၂)

Music Theory လေ့လာခြင်း
အပိုင်း(၁) အခန်း(၂)
==========================
Tones တွေ, Pitch တွေဟာ ဘာတွေလဲ?

 Tones ဆိုတာကတော့ Pitch range တစ်ခုအတွင်း ပြုလုပ်လိုက်တဲ့ တစ်နည်းအားဖြင့် ဖြစ်ပေါ်လာတဲ့ အသံတွေကို Tones လို့ခေါ်ပါတယ်။ဥပမာအားဖြင့် ဝီစီမှုတ်သံ၊ခလုပ်တိုက်လို့ "အား.." ခနဲအော်လိုက်တဲ့ အသံစတာတွေ အားလုံးဟာ  Tones ပါပဲ။ဒါဆို Pitch range ကကော...ထပ်ရှင်းရမယ်ဆိုရင်တော့...ကျနော်တို့ငယ်ငယ်က မူလတန်းကျောင်းမှာ သင်ခဲ့ရတဲ့ "အသံ"ဆိုတဲ့ သင်ခန်းစာလေးကို recall ပြန်ခေါ်ကြရအောင်။အသံဆိုတာ အရာဝတ္ထုတွေရဲ့ တုန်ခါမှု (Vibration)ကနေဖြစ်ပေါ်လာပါတယ်တဲ့။ အဲဒီ့တုန်ခါမှုကြောင့် လေထဲမှာရှိတဲ့ သာမာန်မျက်စိနဲ့မမြင်နိုင်တဲ့ air molecules (လေမော်လီကျူးစ်)လေးတွေ လှုပ်ရှားသွားရပါတယ်တဲ့။သူတို့ဟာ အရာဝတ္ထုတွေအားပြင်းပြင်းရိုက်ခတ်မိရင် အားပြင်းပြင်းတုန်ခါပြီး အားနဲနဲရိုက်ခတ်ရင် အားနဲနဲနဲ့ တုန်ခါကြပါတယ်။အဲဒီ့လို air molecules လေးတွေအချိန်တစ်စက္ကန့်အတွင်းတုန်ခါလိုက်တဲ့ကြိမ်နှုန်းကို Frequency လို့ခေါ်ပါတယ်။Frequency ရဲ့ unitကို Hertz အတိုကောက်(Hz)နဲ့ဖော်ပြပါတယ်။သာမာန်လူတစ်ယောက်ရဲ့ နားဟာ Frequency range 16Hz ကနေ 16KHz အထိပဲကြားနိုင်၊ လက်ခံနိုင်ပါတယ်။စန္ဒယားကြီးတစ်လုံးဟာဆိုရင်ဖြင့် ဘယ်ဘက်အစွန်ဆုံးခလုပ်ကနေ ညာဘက်အစွန်ဆုံးခလုပ်အထိ Frequency range 27Hzကနေ 4KHz အထိရှိပါတယ်။(27Hz ဆိုတာ တစ်စက္ကန့်အတွင်းအသံလှိုင်းတွေ ၂၇ကြိမ် လှုပ်ရှားသွားတယ်လို့ မှတ်ကြပါ ခင်ဗျ...)


"ခင်ဗျားဘာတွေလျှောက်ပြောနေတာလဲ... ခင်ဗျားပြောတော့ Tones နဲ့ Pitch ဆိုပြီးတော့..ခု ဘယ်က Frequency တွေ Hz,KHz တွေကပါလာရတာလဲ"လို့ မေးချင်ကြမှာပါ...ဆန္ဒမစောကြပါနဲ့...အဲဒီ့ Frequency ဆိုတဲ့ဟာကြီးကို musical terms အနေနဲ့ Pitch လို့ခေါ်နေကြတာပါပဲ။သေးငယ်တဲ့ တူရိယာလေးတွေ၊သေးငယ်တဲ့ကြိုးလေးတွေ(ဥပမာ guitar တစ်ကြိုး)ကထွက်တဲ့အသံလေးတွေကို High pitch လို့ ခေါ်ပြီးကြီးမားတဲ့ တူရိယာကြီးတွေ၊ ကြိုးလုံးကြီးကြီးတွေကထွက်လာတဲ့ အသံတွေကို Low pitch လို့ခေါ်ပါတယ်။ဘာကြောင့်လဲဆိုတော့ သေးငယ်တဲ့တူရိယာတွေကို တီးလိုက်ရင်ဖြစ်လာတဲ့ Frequency တုန်ခါမှုကြိမ်နှန်းဟာ ကြီးမားတဲ့တူရိယာတွေတီးလိုက်ရင် ဖြစ်ပေါ်လာတဲ့ တုန်ခါမှုကြိမ်နှုန်းထက် ပိုများနေလို့ပါ။
မြန်မာ့ဂီတနဲ့ ဥပမာပေးရရင် ပတ်မကြီးဟာ Low Pitchs  ဖြစ်ပြီး နှဲသံကတော့ High Pitch ပေါ့ဗျာ။စန္ဒယားတစ်ခုမှာဆိုရင် တီးတဲ့လူထိုင်နေတဲ့ နေရာရဲ့ ဘယ်ဘက်က စန္ဒယားခလုတ် အဖြူရောင် အမဲရောင်တွေဟာ Low Pitchဖြစ်ပြီး သူ့ညာဘက်က ခလုတ်အဖြူအမဲတွေဟာ High Pitch တွေပေါ့။ဘယ်သံ၊ ညာသံ ဆိုတာလဲ အဲဒါပါပဲ...။စန္ဒယားရဲ့ ဘယ်ဘက်ခလုတ်တွေတီးကြည့်ရင် အသံသြသြနဲ့ Low Pitch သံကြီးတွေကြားရပြီး၊ ညာဘက် ခလုတ်တွေတီးကြည့်ရင် အသံစူးစူးနဲ့ High Pitch သံလေးတွေကြားရမှာပါ။ အဲဒီ့တော့ အသံသြရင် Low Pitch(ဘယ်သံ) အသံစူးရင် High Pitch(ညာသံ)ရယ်လို့ ယေဘူယျမှတ်သားနိုင်ကြပါတယ်။


 နောက်တစ်ခုက Frequency Length (အသံလှိုင်းအလျားများ)အကြောင်းပါ...
"မင်္ဂလာညချမ်းလေးပါရှင်...ကျမတို့ ယခုတင်ဆက်နေတဲ့ အစီအစဉ်ကိုလှိုင်းတို ၂၅၀ မီတာနဲ့ လှိုင်းလတ် ၅၇၀ မီတာတို့မှ တိုက်ရိုက်ဖမ်းယူ နားဆင်နိုင်ပါတယ်ရှင်..."
 

"ဟ...ဘာလဲဟ...Frequency Length ဆိုပြီး City FM တွေ ဘာတွေ ရောက်ကုန်ပြီ ဘယ်လိုတွေ ဖြစ်သွားရတာလဲ..." ဘာမှမဖြစ်ပါဘူးခင်ဗျ...Frequency Length ကို ဥပမာပေးတာပါ...သူပြောတဲ့ လှိုင်းတို ၂၅၀ မီတာတို့ လှိုင်းလတ် ၅၇၀ တို့ဆိုတာ Frequency Length တွေပေါ့ခင်ဗျာ...မိတ်ဆက်ပေးတာပါ။ကဲ...ဆက်ကြဦးစို့ရဲ့...ဗျာ High Pitch သံတွေဟာတုန်ခါမှုအားများတော့ လူ့နားထဲကို ရှင်းရှင်းလင်းလင်းဝင်လာ နိုင်ပေမယ့် သူရောက်နိုင်တဲ့   အသံအလျားက တိုပါတယ်။အဲဒီ့တော့ ခပ်ဝေးဝေးက မကြားနိုင်ပါဘူး။Low Pitch သံတွေကျတော့ အသံကို သဲသဲကွဲကွဲ မကြားရပေမယ့် အသံအလျား Frequency Length ရှည်တဲ့အတွက် ခပ်ဝေးဝေးက ကြားနိုင်ပါတယ်။အဲဒါကြောင့်  Hip Hop ပွဲတွေလုပ်ရင် အဲဒီ့ကထုတဲ့ Bass(ဘေ့စ်)သံဟာ ဘတ်စ်ကား ၂မှတ်တိုင်လောက်ကနေ ကြားနေရတာပါ။
 

အဲဒီ့တော့ Tones ဆိုတာဟာ...လူအော်သံလဲ Tones,ဝီစီသံလဲ Tones, ခွေးဟောင်သံလဲ Tones ဖြစ်ပြီး...အဲဒီ့ အသံအမျိုးအမျိုးရဲ့ အနိမ့်အမြင့်များကိုတော့ Pitch လို့ခေါ်ပါတယ်...။ အဲဒီလို မတူညီတဲ့ Tones အသံအမျိုးမျိုးရဲ့ Pitch အနိမ့်အမြင့် အမျိုးမျိုးကို အတူတကွပေါင်းစပ်လိုက်ရင် မိတ်ဆွေတို့ လိုချင်တဲ့ Music လို့ခေါ်တဲ့ ဂီတကိုရပြီပေါ့...ဒါပေမယ့်  နားထောင်လို့တော့ကောင်းမှာမဟုတ်ပါဘူး...(ခွေးဟောင်သံ,လူအော်သံတွေပါဆိုမှနားထောင်လို့ဘယ်ကောင်းမှာလဲဗျ...နော်)အဲဒီ့လို နားထောင်မကောင်းတာတွေကိုနားထောင်ကောင်းအောင် အဲ့ဒီ့ Tones တွေရဲ့ Pitch အနိမ့်အမြင့်တွေကို စနစ်တကျ ပြန်လည်စီစဉ်ထားတာကို Scale လို့ ခေါ်ပါတယ်။Musical Scale ပေါ့ဗျာ...အဲဒီ့ Scales တွေကြောင့်ပဲ Bluesတွေ,Jazzတွေ Rock တွေ,Pop တွေ ဖြစ်ကုန်ကြတာပေါ့ဗျ...
အလျဉ်းသင့်ရင်တော့ Scales တွေအကြောင်းဆက်ကြရအောင်ဗျာ...



===========
(တတ်သလောက် မှတ်သလောက်)



Share on Google Plus

About ဆရာကြီး

0 comments:

Post a Comment