Music Theory အပိုင်း(၁) အခန်း(၅)

 

Music Theory အပိုင်း(၁) အခန်း(၅)
==========================
Octave ဆိုတာ ဘာလဲ ?
ပြီးခဲ့တဲ့ Music Theory လေ့လာခြင်း
အပိုင်း (၁) အခန်း(၄)မှာ...ကျနော်တို့ဟာ
Sharp(#),Flat(b) စတဲ့ Accidental တွေ...
အသံတူ၊ နေရာတူပေမယ့် အဓိပ္ပာယ် ၂မျိုးထွက်
တဲ့ Enharmonic ၅ခု အကြောင်း...
Diatonic scale နဲ့ Chromatic scale အကြောင်းလေးတွေကို လေ့လာခဲ့ကြပါတယ်။
ကျနော်တို့ရဲ့ Music Theory လေ့လာမှုဟာ
ယခုဆိုရင် အပိုင်း(၁) အခန်း(၅)ကို ရောက်ပါပြီ။
ရောက်လာတာနဲ့အမျှ မှတ်စရာလေးတွေလဲ
တဖြည်းဖြည်းများလာပါပြီ...အဲဒါကြောင့်
ကြားဖြတ်ပြီး ဖတ်ရှုကြတဲ့ မိတ်ဆွေတို့ အနေနဲ့
ဒွိဟဖြစ်စရာလေးတွေ၊ မရှင်းတာလေးတွေကြုံ
လာရမှာပါ.. အဲဒီ့အခါ ကျနော်အရင်ဖော်ပြခဲ့တဲ့
အပိုင်း(၁) အခန်း ၁,၂,၃,၄ တို့ကို ခဏတဖြုတ်
လောက်ဖြစ်ဖြစ် ပြန်လည်ဖတ်ရှုစေလိုပါတယ်။
အဲဒါမှမရှင်းသေးရင် Comment မှာလဲ မရှင်း
လင်းတဲ့ ကိစ္စများကို မေးမြန်းနိုင်ပါတယ်...
သိပြီး တတ်ပြီးသား ဆရာများအနေနှင့်လဲ
ကျနော်များ မှားယွင်းဖော်ပြမှုများရှိပါက
အချိန်မှီ ဝေဖန်ထောက်ပြပေးစေလိုပါတယ်လို့
ပန်ကြားအပ်ပါတယ် ခင်ဗျား...။
ဒီနေ့ တင်ပြမယ့်အကြောင်းအရာကတော့
Octave အကြောင်းသိကောင်းစရာ ပေါ့ဗျာ...
ကဲ...စလိုက်ကြရအောင်...
ကျနော်တို့ Keyboard တို့ Organ တို့ကိုဆိုင်မှာ
သွားဝယ်ရင် "ဘယ်လောက် Octave လဲ...?"
" 4 Octave ခုလား ၊ 5 Octave လား...?"
စသည့်ဖြင့် ကြည့်ဝယ်ကြပါတယ်။အဲဒါကို
ဘယ်လိုကြည့်ကြလဲဆိုတော့ အလွယ်အားဖြင့်
Keyboard ရဲ့ Fingerboard ပေါ်က ၂ခုတွဲ ၃ခုတွဲ ရှိနေတဲ့ အမဲရောင် ခလုပ်တွေကိုကြည့်
ကြပါတယ်(ပြီးခဲ့တဲ့ အခန်းက Enharmonic
၅ခုကို မှတ်မိကြသေးပါတယ်နော်...)
အဲဒီ့အမဲရောင်ခလုပ် ၂ခုတွဲ ၃ခုတွဲ တစ်စုံကို
တွေ့ရင် One Octave...လို့မှတ်ကြပြီး၊
အမဲရောင်ခလုပ် ၂ခုတွဲ ၃ခုတွဲ ၂စုံတွေ့ရင်
Two Octave, ၃စုံတွေ့ရင် Three Octave
စသည်ဖြင့် အလွယ်မှတ်သားကြပါတယ်။
အမြင်နဲ့တန်းခွဲကြည့်ကြတာလေ...မှန်ပါတယ်။
ဒါပေမယ့် အဲဒီ့နည်းဟာ Keyboard တို့ Organ တို့ ဝယ်တဲ့အခါမှာပဲ သုံးရမှာပါ။Music Theory
မှာတော့ အဲဒီ့လိုမရပါဘူး။Music Theory
မှာကျတော့ Chromatic scale ကိုကြည့်ပြီးခွဲ
ပါတယ်။ ဘယ်လိုခွဲလဲဆိုတော့...
"C" note က စရေတွက်တယ်ဆိုပါတော့ဗျာ...
ရှေ့အခန်းမှာသိခဲ့ရတဲ့ Chromatic scale အတိုင်းပဲပေါ့...,
"C, (C#/Db), D, (D#/Eb), E, F, (F#/Gb),
G, (G#,Ab), A, (A#/Bb), B, C"
စသည်ဖြင့် "C" ကစပြီး ကပ်ရပ် အသံ ၁၂ ခု ကို အစဉ်အတိုင်း တီးသွားပြီး ၁၃ ခုမြောက်
High pitch "C" မှာပြန်ဆုံးသွားတဲ့အထိကို
one octave လို့ခေါ်ပါတယ်။
ဥပမာ... စန္ဒယားတစ်လုံးနဲ့ပြောရရင်
"C"ကိုစတီးပြီး သူ့ကပ်ရပ် အမဲရောင် အဖြူရောင်
ခလုပ်တွေကို တစ်ခုမှကျော်မတီးပဲ အစဉ်အတိုင်း
အသံ ၁၂ ခု လိုက်တီးသွားပြီး ၁၃ ခု မြောက်
High pitch "C" မှာပြန်ဆုံးတဲ့ အထိကို
One Octave လို့ခေါ်ပါတယ်။
မိတ်ဆွေက..."မကျေနပ်သေးဘူးဗျာ...ဆက်တီး
ချင်သေးတယ်ဗျ..."လို့ဆိုလဲ ဆက်တီးပါ။
နောက်ထပ် အသံ၁၂ခု လိုက်တီးပြီး နောက်ထပ်
၁၃ ခု မြောက် High pitch "C" မှာထပ်ဆုံးရင်
Two Octave ပါ။
မိတ်ဆွေပိုင်ဆိုင်တဲ့ စန္ဒယားကြီးဟာ ကြီးချင်ကြီး
သလောက် ရှည်ချင်ရှည်သလောက် Octave တွေ
တစ်ခုပြီးတစ်ခု ဆက်တီးနိုင်ကြပါတယ်။
Guitar နဲ့ပြောမယ်ဆိုရင်တော့...
၂ကြိုး ၁အကွက် "C" ရဲ့ "ဒို" ကနေစပြီး သူ့ကပ်ရပ်အကွက်လေးတွေကို တစ်ကွက်ချင်း
အစဉ်လိုက်ရွှေ့ပြီး ၂ကြိုးကို တီးသွားပါ။ အကွက် ၁၂ ကွက် ခြားပြီး ၁၃ကွက်
မြောက်မှာ "C" ရဲ့High pitch "ဒို" အသံ
ပြန်ရောက်လာပါတယ်။အဲဒီ့အထိသည်
One Octave လို့ခေါ်ပါတယ်။
စန္ဒယားကြီးတစ်လုံးရဲ့ တည်ဆောက်ဖွဲ့စည်း
ပုံဟာ Octave ၇ ခု ၈ခုလောက်အထိ
တီးနိုင်ပြီး...
Guitar ကတော့ Octave ၃ခု ၄ခုလောက်အထိ
ပဲ တီးနိုင်ပါတယ်...
ကဲ...ဒါဆို..."C" ကစတီးကြည့်လို့ အဆင်ပြေပြီဆိုရင် ကျနော်တို့ "A"ကစ
တီးကြည့်ရအောင်...
(ခုလောက်ဆို "A" နေရာတော့ သိလောက်ပြီ
ထင်ပါတယ်...)
"A"နေရာ အဖြူခလုပ်ကနေ စပြီး ကပ်ရပ်
အမဲရောင် အဖြူရောင် ခလုပ်တွေကို အစဉ်
အတိုင်းနှိပ်သွားပါ အသံ၁၂ခုခြားပြီး
နောက်ရောက်လာတဲ့ ၁၃ ခု မြောက်
High Pitch "A" အထိဟာ One Octave ပဲ ပေါ့ဗျာ...
ဒီတစ်ခါ အဖြူရောင်ခလုပ်တွေ ဖြစ်တဲ့
"A,B,C,D,E,F,G" တို့က စမတီးပဲနဲ့ Accidental
ဖြစ်တဲ့ Sharp(#),Flat(b) တွေကနေ စကြည့်
ရအောင် ။ ဥပမာ "F" နောက်ကပ်ရပ်ကအမဲရောင်
ခလုပ်ဖြစ်တဲ့ "F#" ကနေ စတယ်ဆိုပါစို့...
"F#,G , G#, A , A#,B,C, C# ,D,D#, E,F ,F#"
စသည်ဖြင့် ကပ်ရပ်အသံ ၁၂ ခု အစဉ်အတိုင်း
ရွှေ့သွားယုံပါပဲ။နောက်ဆုံး ၁၃ ခု မြောက်က
High pitch "F#" မှာဆုံးရင် One Octave ပါပဲ။
*** အလွယ်မှတ်ချင်တယ် ဆိုရင်တော့...***
{ စချင်တဲ့ Note က စတီးပါ...ဘယ်ကနေ ညာပဲ
တီးတီး...ညာကနေ ဘယ်ပဲတီးတီး... အသံ
၁၂ခု ခြားပြီး ၁၃ခုမြောက် မူလ Note အသံ ပြန်ရောက်တဲ့အထိသည် one octave...ပါ။
ညာကနေဘယ်ကိုတီးရင် Low pitch သံမှာဆုံးပြီး...ဘယ်ကနေညာကို တီးရင် High
Pitch သံမှာဆုံးတယ်...}...ဒီလောက်သိရင်
Octave ကိစ္စပြီးပါပြီ။
Octave အကြောင်းသိမှ Interval တွေ
အကြောင်းဆီ ချီတက်လို့ရမှာပါ။
ကျနော်တို့တစ်တွေ ပြောပြောနေတဲ့ Scale တို့၊
Chord တို့၊ Harmony တို့အားလုံးဟာ
Interval ကနေ ဖြစ်လာကြတာပါ။ Interval
ဟာ Music(ဂီတ)မှာ အရေးအကြီးဆုံး အပိုင်း
လို့ ပြောရင်လဲ မမှားပါဘူး။
ရှင်းရှင်းပြောရရင်တော့ အခြေခံ Interval
တွေအကြောင်းကို မသိပဲနဲ့ နာမည်ရှေ့မှာ
(ဂီတမှူး) တို့ (ဂီတပညာရှင်) တို့် လုပ်လို့မရပါဘူး။
တူရိယာတစ်ခုခုကို တစ်ဖက်ကမ်းခပ် ကျွမ်းကျွမ်း
ကျင်ကျင်တီးခတ်နိုင်သူဟာ Player ပါ...
(ဂီတမှူး) မဟုတ်ပါဘူး။ဂီတမှူး ဆိုတာက...
အသံတွေရဲ့ သဘောသဘာဝ၊ ဂီတရဲ့ သဘောသဘာဝတည်ဆောက်ပုံတွေ၊
စိတ်ခံစားမှုနဲ့ အသံတွေရဲ့ ဆက်စပ်မှု၊
အရောင်တွေနဲ့ အသံတွေရဲ့ ဆက်စပ်မှု၊
သဘာဝတရားကြီးအပေါ် နားလည်မှု၊
တကိုယ်ကောင်းမဆန်မှု(ကိုယ်ချင်းစာမှု)၊
အကြောင်းအရာတစ်ခုခုကို ဂီတနဲ့ ပုံဖော်
ဆက်စပ်နိုင်မှု အစရှိတဲ့အရည်အသွေးတွေ
လိုအပ်ပါတယ်။
အဲဒီ့အချက်တွေပေါ်မူတည်ပြီး ကမ္ဘာအနှံ့မှာ
ဂီတမှူး နဲ့ ပက်သတ်တဲ့ ဆုတံဆိပ်တွေ၊ အကယ်ဒမီ
တွေ ချီးမြှင့်ကြတာပါ...။
ဥပမာ..."သင်္ကြန်မိုး" ရုပ်ရှင်ဇာတ်ကားကြီးဟာ...
ဂီတမှူးအနေနဲ့...
၁။မြို့မကိုပေါ
၂။ ကိုနေဝင်း (မျဇ္ဇိမလှိုင်း)
၃။ အဉ္ဇလီ မောင်မောင် စတဲ့ တကယ့်ဂျွတ်ကျတဲ့
ဂီတမှူးဆရာ ၃ယောက်ကြောင့် ယနေ့တိုင်
အောင်မြင်နေတာပါ။
ဂီတပညာဟာ သင်ရင်လူတိုင်းအလွယ်တကူ
တတ်နိုင်ပေမယ့်...စိတ်နေစိတ်ထားပိုင်းဟာ
သူ့အရည်အသွေးကို ထုဆစ်ပါတယ်။ဆိုလိုတာက
နည်းစနစ်သည် 1% ပါ။ စိတ်ထားကတော့
99% ဖြစ်တယ်လို့ လေ့လာဖူးပါတယ်။
Music Theory လေ့လာတယ်ဆိုတာ ဂီတမှူး
လုပ်မယ့်လူတစ်ယောက်ရဲ့ 1%သာရှိတဲ့ နည်းစနစ် အရည်အချင်းလေးသာရှိပါသေးတယ်
နည်းစနစ်ပိုင်းနဲ့ စိတ်နေစိတ်ထားပိုင်းပူးတွဲလုပ်
ဆောင်ခဲ့ကြလို့လဲ တစ်ချိန်က မြန်မာနိုင်ငံအတွက်
ဂီတသည် "ကျွန်လိုခေတ်မှာ အလင်းရောင်ပေး
ခဲ့သလို.. သခင်လိုဖြစ်အောင် လမ်းညွှန်ပေးနိုင်
ခဲ့တာပါ..."
ယခုလိုလေကြောရှည်နေရတာ အားနာပါတယ်
ဗျာ...စေတနာနဲ့ပါ...ကိုယ်ကမဖြစ်နိုင်ပေမယ့်
ကိုယ့်မိတ်ဆွေတွေထဲက တစ်စုံတစ်ယောက်
လောက်တော့ ဆရာ(မြို့မငြိမ်း) တို့...
ဆရာ(အဉ္ဇလီမောင်မောင်) တို့...
ဆရာ(ထူးအိမ်သင်) တို့လို...စသည်ဖြင့်
တိုင်းပြည်အားကိုးရလောက်တဲ့ ဂီတပညာရှင်
များထပ်မံပေါ်ထွန်းစေချင်တဲ့ ဆန္ဒနဲ့ သိသလောက်
ကလေးတင်ပြဆွေးနွေးရခြင်းပါခင်ဗျာ...။
Interval အကြောင်းကို အမြည်းကျွေးရရင်တော့
Tone တစ်ခုကနေ နောက်ထပ် Tone တစ်ခုရဲ့
အကွာအဝေးကို Interval လို့ ခေါ်ပါတယ်...။
Interval တွေကိုမရှင်းခင် ခုနက One octave
ဆိုတာသည် စတီးတဲ့ note ကနေ ကပ်ရပ်အသံ ၁၂ခု ခြားတယ်လို့ ကျနော် ပြောခဲ့တယ်နော်...
အဲဒီ့ ကပ်ရပ်အသံ ၁၂ခုကို လှေကား ၁၂ထစ်လို့
ကျနော်တို့ သဘောထားလိုက်ကြပါစို့...
လှေကားထစ်တွေကို အင်္ဂလိပ်လို "Step" လို့
ခေါ်တယ်မဟုတ်လား...အဲဒီ့တော့ One Octave
သည် 12 Step ရှိတယ်လို့ မဖြစ်သွားဘူးလား
ခင်ဗျ...။အဲဒီ့အထိ ရှင်းပါတယ်နော်...။
အဲဒီ့ လှေကားထစ်တွေကို တစ်ထစ်ချင်းတက်ရင်
"Half Step" လို့ ခေါ်ပြီး...တစ်ထစ်ကျော်တက်ရင်
"Whole Step" လို့ ခေါ်လိုက်ကြပါဦးစို့ဗျာ...။
အဲဒီ့တော့...ကျနော်တို့ "C" ကနေ လှေကားထစ်
တွေ တက်ကြည့်ကြရအောင်...
"C" ကနေ သူ့ကပ်ရပ် "C#/Db"သည် Half step ပေါ့...။
အဲဒီ့လိုပဲ "C"ကနေ တစ်ထစ်ကျော် "D" သည်
Whole step ပေါ့ဗျာ...။
"E" ကနေတွက်မယ်ဆိုရင်လဲ သူ့ကပ်ရပ် "F"သည်
Half step ပေါ့...။
"E" ကနေ တစ်ထစ်ကျော် "F#/Gb" သည်
Whole step ပေါ့ဗျာ...။
တစ်ခုပြောဖို့မေ့နေသေးတယ်ဗျ...
အဲဒီ့ Half step ကို Half tone (သို့)Semi tone လို့လဲ ခေါ်ကြပါသေးတယ်။
Whole step ကိုတော့ Whole tone လို့လဲ
နောက်တစ်မျိုး ခေါ်ကြပါတယ်...။
အတိုကောက်ကတော့ Half Step ကို (H)နဲ့
ဖော်ပြပြီး...Whole Step ကို (W) နဲ့ ဖော်ပြကြပါတယ်။
အဲဒါတွေက ဘယ်နေရာတွေမှာ သုံးလို့ရလဲလို့
မေးချင်ကြမှာပါ...။ဖြေရရင်တော့...
အဲဒီ Interval တွေကို သေချာနားမလည်ရင် တစ်သက်လုံး သူများတီးခဲ့တာလေးတွေပဲ လိုက်တီး၊ ကိုယ်တိုင်ကျတော့ မတီထွင်တတ်၊
ကိုယ်ကိုတိုင် သီချင်းရေး သံစဉ်ရေးတွေလုပ်တဲ့
အခါမှာလဲ အရင်ကြားဖူးနေတဲ့ သီချင်းတွေ၊
သံစဉ်တွေက မသိစိတ်ထဲကိန်းအောင်းနေတော့
အရင်လူတွေ ရေးကြ ဆိုကြ တီးကြတဲ့အတိုင်း
ပုံစံတူ Style တူတွေပဲ ထွက်ထွက်လာတာပေါ့
ဗျာ...။ခံစားမှုနဲ့ လုပ်တာတော့လုပ်တာပဲ...ဗျ။
ဘောင်အရမ်း ကျဉ်းနေတတ်ပါတယ်...။
သံစဉ်တွေ မဆန်းသစ်နိုင်တော့ဘူး။
ဆန်းသစ်သမျှတွေကလဲ ဘယ်လိုပဲဆန်းသစ်
ဆန်းသစ် နောက်ဆုံးတော့ ဒီstyle တွေပဲ အလို
လိုနေရင်း ပြန်ရောက်လာ...အဲဒါနဲ့ပဲ မုန့်လုံး
စက္ကူကပ်နေကြမှာပါ။
Interval တွေရဲ့ စွမ်းဆောင်ချက်ကို ဥပမာပေးရရင်...ကျနော်တို့ သံစဉ်တစ်ခုကို
ကြားတာနဲ့ ဒါကတော့ အာလာဒင်ရုပ်ရှင်ထဲကလို
အာရေဗျတီးလုံးလေး၊ ဒါကတော့ ဂျပန်တီးလုံး
လေး၊ ဒါကတော့ တရုတ်သံစဉ်လေး စသည်ဖြင့်
ဝေခွဲနိုင်တာ အဲဒီ့ Interval တွေကြောင့်ပါ။
အသံကြားတာနဲ့ ဂျပန်တီးလုံးမှန်းတော့
ကျနော်တို့နားရွက်နဲ့ ဦးနှောက်က auto
သိကြတယ်လေ...ဘာကြောင့် အဲဒီ့တီးလုံးကို
ဂျပန်တီးလုံးမှန်း သိနေရတာလဲဗျလို့ မေးကြည့်
ရင်...ပြန်မဖြေတတ်တော့ဘူးမဟုတ်လား...ဗျ။
အဲဒါ Music Theory က Interval တွေ Scale
တွေကို မလေ့လာဖူးလို့ပါပဲ။သိသွားရင် လျောက်
ကလိကြည့်လို့ရပြီပေါ့ဗျ...။
လောလောဆယ်ကတော့...
"ပရဟိတ အကျိုးတော်ဆောင်ကြီးတွေ..."တို့...
"ငါက ဗိုလ်အောင်ဒင်...နင်က မမြဝင်း..."တို့...
" အချစ်ဟာ ဂါး...ဂါး..."တို့ လုပ်ချင်တဲ့စိတ်
ကလေးတွေကို ခဏလောက် မျိုသိပ်ပြီး
အောက်ကပေးထားတဲ့ ပုံလေးကိုကြည့်ကာ
Octave တွေအကြောင်းနဲ့...
Interval တွေရဲ့ Whole step, Half step များ
အကြောင်းကို လေ့လာတွက်ချက်ကြည့်ရင်း
ဆက်လက်ဖော်ပြပေးမယ့် Interval နဲ့
Major scale, Minor scale များအကြောင်းကို
သိသလောက်ကလေး ဆက်လက်တင်ပြ
ပေးပါဦးမယ်လို့...လေးစားစွာဖြင့်...
Nay Lin Aung
===========
(တတ်သလောက် မှတ်သလောက်)
 
 
Share on Google Plus

About ဆရာကြီး

0 comments:

Post a Comment