Music Theory အပိုင်း ( ၂)၊ အခန်း (၈)

 


Music Theory အပိုင်း ( ၂)၊ အခန်း (၈)...
💥💥💥💥💥💥💥💥💥💥💥💥💥💥💥💥
🤏🏻..."Making the Melody..."🎶🎵🎶🎵
🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸
🙏🏻...အားလုံးပဲ မင်္ဂလာပါခင်ဗျ...
⏰...Long time no see ပါ fri တို့ရေ..
ဒို့တာဝန် အရေးကမှ (၃) ပါးပဲရှိသေးတယ်
ကိုယ့်တာဝန်အရေးက (၁၉၇) ပါးလောက်ရှိနေတော့
မတွေ့ ကြတာတောင်ကြာသွားပြီနော်...
ကျနော်ယခုတစ်ပါတ်တင်ပြမယ့်အကြောင်းအရာလေးကတော့..."Melody" အကြောင်းပါ...။
"Melody" အကြောင်းဆိုလို့ အခုခေတ်စားနေတဲ့
"မယ်လိုဒီ" ဆိုတဲ့ နာမည်ကြီးမင်းသမီးအကြောင်းတော့
မဟုတ်ဖူးနော်...
ကျနော်ပြောချင်တဲ့ Melody က ဂီတအနုပညာနယ်ပယ်က Melody လို့ခေါ်တဲ့ တေးသွားပိုဒ်
လေးတွေရဲ့ အကြောင်းပါ...
Melody ဆိုတာကတော့...ယခင်ကျနော်တို့ ဆွေးနွေးခဲ့ကြတဲ့ အပိုင်းတွေ၊ အခန်းတွေမှာ လေ့လာမှတ်သားခဲ့ဖူးတဲ့ Pitch နဲ့ Rhythm နဲ့ကို ပေါင်းစပ်ထားတာကို "Melody" လို့ခေါ်ပါတယ်...။
{ Pitch + Rhythm = Melody }
အဲဒီ့တော့..."Rhythm" ဆိုတာဘာလဲလို့ နဲနဲပြောဖို့လိုလာပါတယ်...။
Rhythm ဆိုတာကတော့...note value တွေ rest တွေကို သက်ဆိုင်ရာ timing ထဲမှာ စံနစ်တကျ စီစဥ်
ထည့်သွင်းတာလို့ပြောရင်မမှားပါဘူး...။
ဥပမာ...4/4 timing နဲ့ "ရောင်စုံဘောလုံး" သီချင်း Note ရဲ့ Melody ဖွဲ့စည်းပုံကို ၄ဘားစာလောက်ရေးကြည့်ကြရအောင်ဗျာ...။
|| 1 2 3 1 | 1 2 3 1 | 3 4 5 - | 3 4 5 - ||
ဟုတ်ပါတယ်နော်...
အဲဒီ့မှာမှ ကျနော်တို့ဟာ...4/4 timing ကိုလဲ
သူ့အတိုင်းပဲထားမယ်...Pitch အနိမ့်အမြင့်ဖြစ်တဲ့ Note တွေကိုလဲ သူ့အတိုင်းပဲထားမယ်...သို့သော် note value တွေ ပြောင်းကြည့်ရအောင်ဗျာ...
|| 1 •2 3 1 | 1 2 3 1 | 3 •4 5 - | 3 4 5 - ||
---- ----
ကဲ...အဲဒီ့မှာဆိုရင်...note တွေကလည်း ဒီ note အတိုင်းပဲ...4/4 timing ကလဲ ဒီအတိုင်းပဲ...ဒါပေမယ့်
ပထမ bar ရဲ့ ဒုတိယ beat နဲ့ တတိယ bar ရဲ့ ဒုတိယ beat မှာ note value တန်ဖိုးလေး ပြောင်းပေးထားပါတယ်...။ အဲဒါကို Rhythm ပြောင်းလဲသွားတယ်လို့ပြောရမှာပါပဲ...။
အဲဒီ့တော့ကျနော်တို့ 4/4 timing နဲ့ Rhythm လေး
၄ ဘားစာလောက်ထပ်ရေးကြည့်က ရအောင်ဗျာ...
Note ကိုတော့မရေးသေးပါဘူး...။
Chord လည်းထည့်ပေးထားပါမယ်...။
Key ကတော့ C key ပဲသဘောထားကြည့်ရအောင်ဗျာ။
" * " ဆိုတဲ့ နေရာဟာ နုတ်ထည့်မယ့်နေရာလို့ သတ်မှတ်ကြည့်ရအောင်...။
C F C G C
|| ** * ** * | ** ** * - | ** * ** * | ** ** * - ||
--- --- --- --- --- --- --- ---
ကဲ...ဒီပုံအတိုင်းဆိုရင် ကျနော်တို့ဟာ Rhythm ကိုရေးလိုက်တာပါ...။ Pitch အနိမ့်အမြင့်​​ဖြစ်တဲ့ note တွေမပါသေးတဲ့အတွက် Melody မဖြစ်သေးပါဘူး။ Rhythm timing အတိုင်းပဲ ကြည့်လို့ရပါသေးတယ်...။
အခုကျနော်တို့ " * " ပြထားတဲ့နေရာလေးတွေမှာ Pitch အနိမ့်အမြင့် Note တွေထည့်ကြည့်ရအောင်ဗျာ...။
အဲဒီ့တော့...
C F C G C
|| 33 3 33 3|35 12 3 - |44 4 33 3|55 32 1 - ||
--- --- --- --- --- --- --- ---
ခုဆိုတေးသွားလေးတစ်ခုမရသွားဘူးလား...
ဒါဟာကျနော်တို့ "Jimgable" သီချင်း Chorus ပိုဒ်ရဲ့ Melody လေးပါပဲ...။
ဒါကြောင့် Note အသံအနိမ့်အမြင့်ဆိုတဲ့ " Pitch "ရယ်
သက်ဆိုင်ရာ Timing အတွင်းမှာ note value စီစဥ်မှု ဖြစ်တဲ့ " Rhythm "ရယ်ကို အတူတစ်ကွ ပေါင်းစပ်လိုက်တဲ့အခါမှာ ကျနော့်မိဘများ၊ မိတ်ဆွေများ ပြောပြောနေကြတဲ့ " Melody " ဆိုတာကို ရတော့တာပေါ့ဗျာ...။
အဲဒီ့ "Jimgable" တေးသွားလေးကို ကြည့်မယ်ဆိုရင်..
Major key ဖြစ်တဲ့ C Major key ကိုအသုံးပြုထားတဲ့
အတွက် ပျော်ရွှင်စရာ ရသမြောက်တဲ့ Melody လေးပေါ့ဗျာ...
ထူးခြားတာက ပထမဘားနဲ့ ဒုတိယဘားက Rhythm အတိုင်းပဲ တတိယဘားနဲ့ စတုတ္ထဘားမှာလဲ Repeat လုပ်ပေးထားတာပါ။
အဲဒီ့လို Repeat လုပ်ပေးထားတော့ ဘာများထူးခြားသွားပါသလဲ...?
ဟုတ်ကဲ့...အဖြေကတော့...လူတွေရဲ့ ဦးနှောက်ဟာ
"နှစ်ထပ်ရှိမှ မှတ်မိတယ်..."ဆိုတဲ့အတိုင်း ခဏခဏ ထပ်ခါထပ်ခါကြားရတဲ့အသံတွေကို တစ်ခါထဲကြားဖူးတဲ့ အသံတွေထပ်စာရင် ပိုမှတ်မိလွယ်ပါတယ်ဆိုရင် မိတ်ဆွေငြင်းမလားဗျ...
ဒါက Rhythm ပဲရှိသေးတာနော်...
Note နဲ့ပတ်သတ်ပြီးပြောဦးမယ်...
ပထမဘားမှာ C key ရဲ့ Major third ဖြစ်တဲ့
E (သို့မဟုတ်) "mi" note ကလေးကို ထပ်ကာထပ်ကာ
တစ်ဘားလုံးအပြည့်တီးထားတယ်...
ဒုတိယဘားရဲ့ အဆုံးမှာလဲ Tonic ဖြစ်တဲ့
"C" (သို့မဟုတ်) "do" note ကိုပြန်မချထားတဲ့အပြင်
"mi" note ကိုပဲဆက်လက်ထိန်းသိမ်းထားတဲ့အတွက်
တေးသွားဆုံးပြီလို့ပြောလို့မရသေးပါဘူး...။
ဥပမာပြောရရင်...အိမ်ကနေခရီးတစ်ခုကိုစတင်ထွက်ခွာလာပြီ...လမ်းခုလပ်ကိုရောက်နေပြီလို့ ဆိုလိုတာပါ။
အဲဒီ့ကနေ တတိယဘားကိုရောက်တဲ့အခါမှာ...
ပထမဘားမှာသုံးခဲ့တဲ့ "mi" note ထက် half step သာပိုမြင့်တဲ့ "F" (သို့မဟုတ်) "fa" note ကို Rhythm pattern ထဲမှာသုံးလိုက်တဲ့အတွက် ခံစားမှုလေးကို နဲနဲဆွဲမြှင့်ပေးလိုက်တဲ့သဘောကို သက်ရောက်လာပါတယ်။
အဲဒီ့မှာပဲ တတိယဘားရဲ့ တတိယbeat နဲ့ စတုတ္ထbeat
မှာ...ပထမဘားမှာသုံးခဲ့တဲ့ "mi" note လေးကိုပြန်လည်မှတ်မိစေချင်တော့ "mi" note ကို Rhythm
pattern ထဲမှာ ပြန်သုံးလိုက်ပြန်ပါတယ်...။
ကဲ...စတုတ္ထဘားလဲရောက်ရော ခရီးကလည်းထွက်လာတာ ၄ချိုး၃ချိုးလောက်ရောက်လာပြီ...ပင်ပန်းတော့
နားချင်လာပြီ...။ စိတ်ရှိတိုင်း Melody ကိုလျှောက်ရေးနေရင် အရှည်ကြီးဖြစ်ပြီး မှတ်မိလွယ်မှာမဟုတ်တော့ဘူးလေ...။ ခရီးထွက်သလိုပဲပေါ့ဗျာ...ခရီးတိုလေလေ
လမ်းဘေးဝဲယာက ကွမ်းယာဆိုင်ကအစ ပိုမှတ်မိလွယ်တယ်မဟုတ်လားဗျ...Melody လဲဒီလိုပါပဲ...။
"Jimgable" သီချင်းဟာ...Nursery rhyme ခေါ် တဲ့
ခလေးတွေအကြိုက်သီချင်းလေးဖြစ်တဲ့ ခလေးတွေရဲ့မှတ်ဉာဏ်ကိုဦးစားပေးပြီး သံစဥ်တိုတိုလေးနဲ့ မှတ်မိလွယ်အောင် ဆိုလို့လဲကောင်းအောင် သီချင်းကြားတာနဲ့
ပျော်ရွှင်ဖွယ်ဖြစ်လာအောင် Melody ကိုတည်ဆောက်ရတာပါ...။ဒါဟာ သီချင်းရေးဆရာတစ်ယောက်ရဲ့ အရည်အချင်းပါပဲ။
မြန်မာပြည်မှာဆိုရင် သမ္မတဟောင်း ဦးထင်ကျော်ရဲ့
မွေးသဖခင် ဆရာကြီး မင်းသုဝဏ်ရဲ့ ကဗျာလေးတွေဟာလည်း ဒီသဘောပါပဲ...။ကျနော်တို့ ခလေးဘဝကဆိုရင်
ခလေးအတွေးအရ သူ့ကဗျာလေးတွေကို ဆိုလို့ကို မဝနိုင်ကြတာ ဆရာကြီးမင်းသုဝဏ်ရဲ့ အရည်အချင်းပါပဲ...။
ခလေးကဗျာဟာ ခလေးမှတ်မိလွယ်မှ ခလေးတွေလိုက်ဆိုနိုင်မှ ခလေးတွေကြိုက်နှစ်သက်မှ အောင်မြင်တာပါ။
"Nursery rhyme" ခလေးသံစဥ်တွေဟာလည်း ဒီလိုပါပဲ...အတီးအခတ်တွေ သံစဥ်တည်ဆောက်ပုံတွေဟာ
အဆင့်မြင့်ပညာတွေသိပ်မပြပဲ ရိုးရိုးရှင်းရှင်းလေးနဲ့
နားထောင်ကောင်းအောင် သံစဥ်ချောမွေ့အောင် လျှာခလုပ်မတိုက်အောင် လေရှူချိန်များအောင် ပေါ့ပေါ့ပါးပါးသီဆိုနိုင်အောင်လို့ သီချင်းရေးဆရာဟာ တကိုယ်ကောင်းမဆန်ပဲ Theory ကျကျရေးနိုင်ရပါတယ်...။
ကဲ...စတုတ္ထဘားကိုဆက်ရရင်...Melody ကိုပြန်ချရပါတော့မယ်...အဲဒီ့အခါမှာ စတုတ္ထဘားရဲ့ ပထမbeatမှာ
"G" (သို့မဟုတ်) "so" note ကိုတွေ့ပါလိမ့်မယ်...
"so" note ဟာ Dominant ဖြစ်တဲ့အတွက် Tonic ပြီးရင် အားအကောင်းဆုံးဖြစ်သလို Melody တစ်ပိုဒ်လုံးရဲ့ Tension အမြင့်ဆုံးနေရာပါ...။
အဲဒီ့တော့ Tension တစ်ခုဖြစ်နေတဲ့အတွက် ပြန်လည်ဖြေလျှော့ဖို့လိုလာပါတယ်...။Tension ဆိုတာ ဥပမာပေးရရင် ခရီးထွက်ပြီး အိမ်ကိုကားနဲ့ပြန်လာပါပြီ...
ခြံတံခါးလဲ ဖွင့်ထားပါပြီ... ခြံဝကိုမောင်းဝင်လာတာလဲ
ကားရဲ့ခေါင်းပိုင်းအထိဝင်ပြီးနေပါပြီ...ဒါပေမယ့်
ခြံထဲကိုကား အပြည့်အဝဝင်လိုက်မှသာ ခြံတံခါးပြန်ပိတ်လို့ရမှာ မဟုတ်ဖူးလားဗျ...။ အဲဒီ့အတိုင်းကားစက်သတ်လိုက်ရင် ကားကလဲခြံထဲမရောက် ခြံတံခါးလဲ​​ပြန်ပိတ်လို့မရနဲ့ ကိုးလိုးကန့်လန့်ကြီးဖြစ်နေမှာ မဟုတ်ဖူးလားဗျာ...။အဲဒီ့တော့ လုပ်ငန်းပြီးဆုံးဖို့အတွက် Tension ကို
ပြန်ဖြေလျှော့ဖို့ ပြန်ဖြေရှင်းဖို့လိုလာပါပြီ...။
နောက်တစ်ခုက Tension ရှိမှသာ ဖြေလျှော့လို့ရမှာပါ။
Tension မရှိပဲ သွားဖြေလျှော့ရင် ခံစားမှုအမြင့်ဆုံးကို
မရောက်နိုင်ပါဘူး...။ ဉပမာပေးရရင် ပြေလျော့နေတဲ့
သားရေကြိုးကို ထပ်လျော့အောင်လုပ်စရာ သိပ်မလိုပါဘူး...အားကုန်တင်းထားတဲ့သားရေကြိုးကိုသာ ပြန်လျှော့ပေးမှ အဓိပ္ပါယ်ရှိမှာပါ...။ နောက်ထပ်ဥပမာပေးရရင်...အကြွေးတွေပတ်လည်ဝိုင်းပြီး ထောင်ထဲကိုနက်ဖြန်သွားရတော့မယ့်လူတစ်ယောက်ရဲ့စိတ်ဟာ
Tension ပေါ့ဗျာ...။ အဲဒီ့ညနေပိုင်းမှာ ထီဆိုင်ကဖုန်းဆက်လာတယ် သိန်းတစ်သောင်းခွဲပေါက်ပါတယ်တဲ့...
အဲဒါသူ့ရဲ့ Tension ကို အဆုံးသတ်လိုက်တဲ့ သတင်းစကားပေါ့ဗျာ...(နောက်မှ ထီလက်မှတ်ပျောက်ရင်တော့ သူ့ရဲ့ ဇာတာပဲလေ...)
ပြန်ဆက်ရရင်...Tension ဖြစ်တဲ့ "dominant "ကို
ပြန်လည်ဖြေရှင်းဖို့ Tonic (သို့မဟုတ်) Home note
ဖြစ်တဲ့ "C" (သို့မဟုတ်) "do" note ကို ပြန်သုံးရပါတော့မယ်...။အဲဒီ့အခါမှာလည်း သူက ရိုးရိုးတန်းတန်း
"so" ကနေ "do" အထိခုန်မကျော်သွားပဲ...အလယ်မှာ
"mi" note နဲ့ "re`" note ကို passing လုပ်ပြီး
ပြေပြေလေးပဲ လျှောချပေးလိုက်ပါတယ်...။
နောက်ဆုံးဘားမှာ Tonic (သို့မဟုတ်) Hone note ဖြစ်တဲ့ "C"(သို့မဟုတ်) "do" note ကိုရောက်ပြီး
Melody ပိုဒ်လေးကို အဆုံးသတ်လိုက်ပါတော့တယ်ခင်ဗျာ...။
အဲဒီ့တော့...ကျနော်ပြောချင်တာက Melody ဆိုတာ
Pitch နဲ့ Rhythm နဲ့ကို ပေါင်းစပ်ထားတာလို့ခေါ်ပါတယ်...။ဘယ်လိုပေါင်းစပ်တာလဲဆိုရင်...စံနစ်တကျပေါင်းစပ်
တာပါ...။
ဒါပေမယ့် လူကြားကောင်းအောင် လူနားဝင်အောင်
မှတ်မိလွယ်အောင် လွယ်ကူချောမွေ့စွာ သီဆိုနိုင်အောင်
ရေးသားတည်ဆောက်ဖို့ကတော့ မလွယ်ကူပါဘူး...။
ခံစားမှုကိုချည်းပဲလည်း ဦးထိပ်ထားပြီး လုပ်ချင်တိုင်းလုပ်တာမဟုတ်ပါဘူး...။
သို့သော်...မပူပါနဲ့ Music Theory မှာ အဲဒီ့အတွက်
နည်းပညာတွေ Technique တွေ ရှိပါသေးတယ်...
နောက်အပတ်များမှာလည်း အဲဒီ့ နည်းစံနစ်ကလေးတွေကို အလျှင်းသင့်ရင် ကျနော်သိသလောက်မျှဝေပေးသွားပါဦးမယ်လို့ ပြောကြားရင်း ဒီတစ်ပါတ်အတွက် နှုတ်ခွန်းဆက်သလိုက်ပါတယ်ခင်ဗျာ...
🙏🏻...ကိုယ်စိတ်နှစ်ဖြာဘေးရန်ကွာ...
ချမ်းသာကြပါစေ...💖💖💖
Nay Lin Aung
===========
(တတ်သလောက် မှတ်သလောက်)
 
 
 
Share on Google Plus

About ဆရာကြီး

0 comments:

Post a Comment