Music Theory...အပိုင်း(၂) အခန်း(၁)

 


Music Theory...အပိုင်း(၂) အခန်း(၁)
🎉🎉🎉🎉🎉🎉🎉🎉🎉🎉🎉🎉🎉
🎼 ...International notes for theory ( part 1 )
🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸
🏁...အားလုံးပဲ မဂ်လာပါခင်ဗျာ....🔸🔸🔸
အခုဆိုရင်...ကျနော်တို့ လေ့လာခဲ့ကြတာ...
Music Theory အပိုင်း(၁) ပြီးဆုံးခဲ့ပါပြီ...
ပြီးခဲ့တဲ့ အပိုင်း(၁)ကို...အခန်း(၁) ကနေ...အခန်း(၁၂)
အထိ...ကျနော် အခန်းလေးတွေ ၁၂ ခုခွဲပြီး တင်ပြခဲ့
ပါတယ်...။အဲဒီ့ ပြီးခဲ့တဲ့ အပိုင်း(၁)မှာ...မိတ်ဆွေတို့
အနေနဲ့ ...Music Theory နဲ့ပတ်သတ်ပြီး...အခြေခံ
သဘောလေးတွေ တီးမိခေါက်မိရှိခဲ့ပြီလို့လဲ ကျနော်
ယူဆပါတယ်...။
ယခုအပိုင်း ( ၂ ) ကို စပါပြီ...။
အပိုင်း( ၂ ) မှာ...ကျနော်တို့ လေ့လာမယ့် အကြောင်း
အရာတွေကတော့...
🌟International notes တွေဘယ်လိုဖတ်ရတယ်...
🌟Major Chord တွေ၊ minor chord တွေ၊
Dimnished chord တွေ၊ Augmented chord
တွေ ဘယ်လိုဖြစ်ပေါ်လာတယ်...
🌟Extension chordsတွေ ဘယ်လိုတည်ဆောက်
တယ်...
🌟သီချင်းတစ်ပုဒ်ကို Chords တွေဘယ်လိုထည့်
တယ်...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးသွားမှာပါ...
ကျနော်တို့ဟာ...Music Theory ကို အခြေခံကျကျ
လေ့လာတော့မယ်ဆိုရင်...International note
တွေအကြောင်းကို...မသိမဖြစ် သိကိုသိရတော့မှာပါ။
International note တွေ အကြောင်းမှာ...သူတို့ရဲ့
Timing တွေ, Tempo တွေ, Rest တွေ, Rhythm
တွေ, Note value တွေ မသိရင်တောင်မှ...
ဘယ်ဟာ "A" note, ဘယ်ဟာက "B" note...
ဘယ်ဟာ "C" note...စသည်ဖြင့် သိကြဖို့တော့
လိုပါတယ်...။အဲဒါမှ...Chord Theory ကို လေ့လာ
လို့ရမှာပါ...ခင်ဗျ...။
အဲဒီ့တော့ ကျနော်တို့ စလိုက်ကြရအောင်ဗျာ...
International note တွေကို...Staf note လို့လဲ
ခေါ်ကြပါတယ်...အချို့ကလဲ "ပတ်ကားနုတ်..."
" ပဲပင်ပေါက်နုတ် " စသည်ဖြင့် ခေါ်ကြပါသေးတယ်...
အရှေ့တိုင်း note(Asian note) တွေဖြစ်တဲ့ "ဒို,ရေ,မီ,ဖာ,ဆို,လာ,တီ"...စတဲ့ အသံတွေကို...
"1,2,3,4,5,6,7"...ကိန်းဂဏန်းတွေနဲ့ ပြကြ ၊
ရေးကြပါတယ်...
International note (သို့မဟုတ်) Staff note ကျတော့...ရေပြင်ညီမျဥ်း (Horizontal line) ၅ခု ပေါ်မှာ...note အလုံးလေးတွေ တင်ပြီး ပြကြ ၊
ရေးကြရပါတယ်...။
အဲဒီ့ ရေပြင်ညီ Line ၅ခုကို Staff လို့ ခေါ်ပါတယ်...။
ဥပမာ....မိတ်ဆွေရဲ့...ညာဘက် လက်ဖဝါး (သို့မဟုတ်)
ဘယ်ဘက်လက် လက်ဖဝါးကို အလျားလိုက် ဖြန့်ကြည့်လိုက်ပါ...အဲဒီ့အခါမှာ...လက်သန်းက အောက်ဆုံး...
လက်မက အပေါ်ဆုံး မှာတွေ့ရမှာပါ...။
( မှတ်ချက်...အထက်ပါ ဥပမာပေးချက်အား...
မိမိအိမ်၌သာ စမ်းသပ်ကြပါရန်...
ဘုရားရင်ပြင်ပေါ်တွင်သော်လည်းကောင်း...
လက်ဖက်ရည်ဆိုင်တွင်သော်လည်းကောင်း
သွားရောက်စမ်းသပ်မိပါက..."ဗေဒင်ဆရာ" ဟု
အထင်ခံရပြီး...ကောင်မလေးများ နှင့် အန်တီ
ကြီးများ ဝိုင်းလာလျှင်...သင်သည်...
Music Theory မရခင်...ရည်းစားအရင်
ရသွားနိုင်သည်...)
အဲဒီ့မှာ...လက်သန်းကို Line 1 လို့သတ်မှတ်ပါ...
လက်သန်းကြွယ်ကို Line 2 လို့သတ်မှတ်ပါ...
လက်ခလယ်ကို Line 3 လို့သတ်မှတ်ပါ...
လက်ညိုးကို Line 4 လို့သတ်မှတ်ပါ...
လက်မကို Line 5 လို့သတ်မှတ်ပါ...
(နားမလည်ရင်တော့...အောက်က ပုံ ၁ ကိုကြည့်ပါ...)
Line က ၅ လိုင်းဆိုတော့...Line တစ်ခုနဲ့ တစ်ခုကြား
က ၄ ခုရှိတာပေါ့ဗျ...နော်။အဲဒီ့ Line ကြားတွေကို Space လို့ခေါ်ပါတယ်...
အဲဒီ့တော့...Line ၅ လိုင်း...Space ၄ ခုပေါ့ဗျာ...
🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸
🎼 နောက်တစ်ခုက..."Claf"...အကြောင်းပါ...
မိတ်ဆွေတို့...မြင်ဖူးကြမှာပါ...Claf ဆိုတာ...Line ၅ လိုင်းပေါ်မှာ တင်ထားတဲ့...ကနုတ်လိုလို သဏ္ဍန်လေးပါ။
( မမြင်ဖူးရင် ပုံ ၂ ကိုကြည့်ပါ...)
အဲဒီ့ ပုံ ၂ မှာမြင်ရတာကတော့..."Treble Claf"လို့ခေါ်ပါတယ်...တချို့ကလဲ..."G Claf" လို့ခေါ်ပါတယ်...
🏹 Claf ကတော့ အများအားဖြင့် ၄ မျိုးရှိပါတယ်...
1. Treble Claf...
2. Bass Claf...
3. Alto Claf...
4. Tenor Claf...တို့ဖြစ်ပါတယ်...
ယခု ကျနော်ပြတဲ့ Treble Claf ကတော့...
Guitar, Violin, Flute, Harmonica...စတဲ့ ပုံမှန်သံ
ထွက်တဲ့ တူရိယာတွေမှာ အသုံးများပါတယ်...
Bass Claf ကတော့...Bass guitar လို low pitch
သံရှိတဲ့ တူရိယာတွေမှာ သုံးတတ်ပါတယ်...
Piano မှာတော့...Treble Claf နဲ့ Bass Claf ကိုတွဲသုံးပါတယ်...Piano ခလုပ်တွေရဲ့ အလယ်ခေါင်ကနေ
စကြည့်ရင်...သူ့ညာဘက်က ခလုပ်များကို Treble claf
နဲ့ ဖော်ပြရပြီး...ဘယ်ဘက်ကခလုပ်များကို Bass claf
နဲ့ ဖော်ပြရပါတယ်...တနည်းအားဖြင့် အဲဒီ့လို...
Treble claf နဲ့ Bass claf တစ်ပေါင်းထဲ ဖော်ပြတာကို..."Grand Staff" လို့လဲ ခေါ်ကြပါတယ်...
( Grand staff ကို ပုံ ၃ မှာကြည့်ကြပါ...)
မိတ်ဆွေတို့ဟာ...Claf ဆိုတဲ့ သင်ကေတ ကိုတွေ့တာနဲ့
ဘယ်တူရိယာတွေနဲ့ သက်ဆိုင်တဲ့ Notes...
ဘယ်တူရိယာတွေပဲ တီးခွင့်ရှိတဲ့ Notes...စသည်ဖြင့်
မြင်တာနဲ့ သိရပါတယ်...
အခုကျနော်တို့က...Music Theory ပဲလေ့လာကြမှာဆိုတော့...Trable Claf လောက် သိရင် ရပါတယ်...
( International notes များအကြောင်း...ပိုမို သိရှိလို
ကြပါက.....ထပ်မံ၍ လေ့လာကြပါ...ခင်ဗျာ...
ကျနော်ကတော့...Music Theory အတွက်မျှသာ
သိသင့်သလောက်ကလေး.....International notes များအကြာင်းကို...ဆွေးနွေးသွားမှာပါ...)
ကဲ...Line တွေ, Space တွေအကြောင်း ကျနော်တို့
ပြန်သွားရရင်...( ပုံ ၄ ကိုကြည့်ပါ )
အဲဒီ့မှာ...အောက်ဆုံး Line 1 ပေါ်မှာ တင်ထားတဲ့
note အလုံးလေးကို..."E" လို့ခေါ်ပါတယ်...
Line 2 ပေါ်တင်ထားတဲ့ note ကို..."G" တဲ့...
Line 3 ပေါ်တင်ထားတဲ့ note က..."B" ပါ...
Line 4 ပေါ်တင်ထားတဲ့ note ကိုတော့..."D" ...
Line 5 ပေါ်က note သည်..."F" လို့သတ်မှတ်ပါတယ်။
အဲဒါဆို...ကျနော်တို့ဟာ...အောက်ဆုံး Line 1 ကနေ
ကြည့်ရင်...Line 5 အထိ...E...G...B...D...F...ဆိုပြီး
Line ပေါ်က note ၅ခုကို ရမှာပါ...
အဲဒါကိုအလွယ်မှတ်ချင်ရင်တော့...
E.........G..........B......D.........F.......
Every...Good...Boy...Does...Fine...ဆိုပြီး
အလွယ်မှတ်ကြဖို့...ပညာရှင်များအတော်များများက
ညွှန်ကြားကြပါတယ်...
Line ၅ခုကြားက Space ၄ခုကျပြန့်တော့...
Line 1 နဲ့ Line 2 ကြားကို Space 1 လို့သတ်မှတ်ပါ
Line 2 နဲ့ Line 3 ကြားကို Space 2 လို့သတ်မှတ်ပါ
Line 3 နဲ့ Line 4 ကြားကို Space 3 လို့သတ်မှတ်ပါ
Line 4 နဲ့ Line 5 ကြားကို Space 4 လို့သတ်မှတ်ပါ
အဲဒီ့...Space ၄ ခုမှာ...( ပုံ ၅ ကိုကြည့်ပါ )
Space 1 မှာ ထည့်ထားတဲ့ note သည်..."F"...ပါ
Space 2 မှာ ထည့်ထားတဲ့ note သည်..."A"...ပါ
Space 3 မှာ ထည့်ထားတဲ့ note သည်..."C"...ပါ
Space 4 မှာ ထည့်ထားတဲ့ note သည်..."E"...ပါ...
အဲဒီ့တော့...Space ထဲက note တွေကိုအလွယ်မှတ်
ချင်ရင်...
F.....A.....C.....E...
FACE = မျက်နှာ...
အဲဒီ့လို မှတ်လိုက်ကြပါတဲ့...ခင်ဗျ...။
ကဲ...ဒီလောက်ဆိုရင်...Line ၅ ခုနဲ့ Space ၄ ခုပေါ်က
notes တွေအကြောင်း...သိသွားလောက်ပြီထင်ပါတယ်
ခုမှစလေ့လာတဲ့ မိတ်ဆွေများအနေနဲ့...ကျနော်ယခု
တင်ပြဆွေးနွေးခဲ့သလောက်လေးကိုပဲ...သေသေချာချာ
မှတ်သားကြစေလိုပါတယ်...။ကျနော့်အဓိက Target
ကလဲ...စတင်လေ့လာနေကြတဲ့ ဝါသနာရှင်များကိုသာ
ရည်ရွယ်ထားလို့ပါ...ခင်ဗျာ...။
နောက်မှ ထပ်တွေ့ ကြတာပေါ့...Good Bye...
Nay Lin Aung
==========
(တတ်သလောက် မှတ်သလောက်)
 
 
 
 
Share on Google Plus

About ဆရာကြီး

0 comments:

Post a Comment