Music Theory အပိုင်း( ၂) အခန်း( ၂)

 

Music Theory အပိုင်း( ၂) အခန်း( ၂)
🎊🎊🎊🎊🎊🎊🎊🎊🎊🎊🎊🎊🎊🎊🎊
🎼 International note for theory ( Part 2)
🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸
🎧...အားလုံးပဲ မဂ်လာပါ ခင်ဗျ...
မိတ်ဆွေများအားလုံး...ကျန်းမာကြပါစေလို့...
ပထမဦးစွာ ဆုမွန်ကောင်း တောင်းပေလိုက်ပါတယ်...
ကျနော်တို့ ပြီးခဲ့တဲ့ အပိုင်း( ၂ ) အခန်း(၁) မှာ...
Staff line ၅ လိုင်းအကြောင်း...
Staff line ၅ခုပေါ်က E G B D F ဆိုတဲ့
note ၅ခုအကြောင်း...
Staff line ၅ခုကြားက F A C E ဆိုတဲ့
note လေးခုအကြောင်း...
Treble claf အကြောင်း...
စတဲ့အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်...။
📢 ...ယခုတစ်ခါဆွေးနွေးမှာကတော့...
👉 Staff line တွေရဲ့ ပြင်ပက note များအကြောင်း..
👉 Ledger line...တွေ အကြောင်း...
👉 Bar line နဲ့ Double bar line...အကြောင်း...
👉 Measure (or) Bar... များအကြောင်း...
စသည်တို့ဖြစ်ပါတယ်...
ကဲ...စလိုက်ကြရအောင်ဗျာ...
အောက်က ပုံ( ၁) ကိုကြည့်ကြရအောင်...အဲဒီ့မှာ...
Line နဲ့ Space ပေါ်က note တွေကို တွေ့ရမှာပါ...။
အဲဒီ့မှာ Line 1 ကနေ Line 2, Line 3, Line 4,
Line 5 အထိ note တွေဟာ လှေကားထစ်တွေလို
မြင့်တက်သွားတာကို မိတ်ဆွေတို့တွေ့ရမှာပါ...
တနည်းအားဖြင့် notes တွေဟာ Low pitch ကနေ
High pitch ကိုမြင့်တက်သွားတဲ့သဘောပေါ့...။
Line 1 ပေါ်က "E" note ဟာ...Low pitch ဖြစ်ပြီး
Space 4 က "E" note ဟာ...High pitch ဖြစ်ပါ
တယ်...ခင်ဗျ...
Space 1 က "F" note ဟာ...Low pitch ဖြစ်ပြီး
Line 5 ပေါ်က "F" note ဟာ...High pitch ဖြစ်ပါ
တယ်...စသည်ဖြင့်ပေါ့ဗျာ...
E F G A B C D E F...စတဲ့ note တွေကို
Line 1 ကနေ Line 5 အထိ လှေကားထစ်ကလေးတွေ
လို Alphabetical အလိုက် တစ်ထစ်ချင်းတက်သွားတာကို မိတ်ဆွေတို့...ပုံ (၁) မှာ တွေ့နိုင်ပါတယ်...။
ဒါကြောင့် staff note ရဲ့ အားသာချက်ဟာ...
Note ကိုကြည့်လိုက်တာနဲ့...လှေကားထစ်အတိုင်း
ညီညီညာညာ အတက်အဆင်းလေးတွေတွေ့တာနဲ့
ချောမွေ့လွယ်ကူတဲ့ သံစဥ်...
လှေကားထစ်အတိုင်းမဟုတ်ပဲ...အနိမ့်အမြင့် Step
တွေ နဲနဲကွာခြားနေမယ်ဆိုရင်...မိတ်ဆွေဟာ note အလုံးကျော်တွေ တီးရပြီး နဲနဲ complex ဖြစ်စေတဲ့
သံစဥ်ဆိုတာ မြင်တာနဲ့ တန်းသိနိုင်ပါတယ်...
Asian note တွေကတော့ 1 2 3 4 ဒိုရေမီဖာ...တွေ
ကြည့်ပြီး ဆုံးဖြတ်ရတာဆိုတော့ သံစဥ်အနိမ့်အမြင့်
အချောအမွေ့ကို...ကြည့်တာနဲ့တန်းသိဖို့ ခက်ပါတယ်...။
ဥပမာ...ပုံ ( ၂) က note တွေဟာ လှေကားထစ်လေး
တွေလို အတက်အဆင်းချောမွေ့ပြေပြစ်
နေတာတွေရပါတယ်...
(ပထမဆုံး beat မှာတင်...C D E F ဆိုပြီး
အစဥ်လိုက်ကလေး တက်သွားတာကို
တွေ့ရမှာပါ...)
ပုံ (၃) ဟာ သံစဥ်မချောမွေ့ပဲ note အလုံး
တွေတစ်ခုနဲ့တစ်ခု step တွေ အနည်းငယ်
ဝေးနေတာတွေ့နိုင်ပါတယ်...
(ပထမဆုံး beat မှာတင်...C G F Bb ဆိုပြီး
note တွေရဲ့ step ​တွေ ကွာနေတာကို
တွေ့ နိုင်ပါတယ်...)
🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟
နောက်တစ်ခုက...Ledger Line တွေအကြောင်းပါ...
ကျနော်တို့...လေ့လာခဲ့တဲ့ staff line ၅လိုင်းပေါ်မှာ
ရေးနိုင် ဖတ်နိုင်တဲ့ note တွေဟာ...one octave စာ
လောက်ပဲ range ရှိပါတယ်...
နောက်ထပ် octave တွေပိုပြီး ရေးချင်ရင်...
နောက်ထပ် Line တွေ ထပ်ထည့်ရတော့မှာပေါ့...
ဒါပေမယ့် ကျနော်တို့က staff line တွေကို ၅ လိုင်း
ထပ်လဲ ပိုမထားချင်ဘူး...မူလအတိုင်း staff ၅ လိုင်း
အတိုင်းပဲထားချင်တယ်...
ဒီတော့ ကျနော်တို့က...ရေးချင်တဲ့ note တွေပေါ်မှာပဲ
နောက်ထပ် အလျားလိုက် Line တိုလေးတွေ ထပ်ပိုးပေးရပါတယ်...
အဲဒီ့လို ထပ်ပိုးပေးတဲ့ အလျားလိုက် Line တိုလေးတွေကို..."Ledger line" လို့ခေါ်ပါတယ်...
ဥပမာအနေနဲ့...ပုံ (၄) ကိုကြည့်ပါ...
အဲဒီ့မှာ...staff line ၅ခု ရဲ့ အပေါ်နဲ့ အောက်မှာ
ထပ်ပြီး note တွေရေးထားတာကိုတွေ့နိုင်ပါတယ်...
အဲဒီ့ note တွေပေါ်က အလျားလိုက် Line တိုလေးတွေဟာ...Ledger line လေးတွေပေါ့...
ဒါဆို...မိတ်ဆွေတို့ one octave ထက်ပိုပြီး ရေးနိုင်
ဖတ်နိုင် တီးနိုင် ခတ်နိုင် ကြပြီပေါ့ဗျာ...
☀☀☀☀☀☀☀☀☀☀☀☀☀☀☀☀
နောက်ထပ်သိရမှာက Bar line နဲ့ Double bar line
အကြောင်းပါ...ဥပမာအနေနဲ့ ပုံ (၅) ကိုကြည့်ကြပါ...။
ကျနော်တို့ဟာ...music notes တွေ ရေးကြ ဖတ်ကြ
တဲ့အခါမှာ...ပိုမိုလွယ်ကူစွာ ရေးနိုင်ဖတ်နိုင်ဖို့ရန်...
Staff line တွေပေါ်မှာ...ဒေါင်လိုက်မျဥ်းကြောင်းတွေနဲ့
အပိုင်းလေးတွေ ပိုင်းပေးထားတာကို...Bar line လို့
ခေါ်ပါတယ်...။မြန်မာစာမှာ ပုဒ်ထီးချလိုက်သလိုပေါ့...
Double bar line ဆိုတာကတော့...တေးသွားသံစဥ်
တစ်ခုရဲ့ အပိုဒ်တစ်ပိုဒ် ပြီးဆုံးကြောင်း ပြတာပါ...
သူ့ကိုတော့ Bar line နောက်ကနေကပ်ပြီး နောက်ထပ်
Bar line တစ်ခု ထပ်ရေးလိုက်တာပဲ...ထပ်ရေးလိုက်တဲ့
Bar line ဟာ ပထမ Bar line ထက် နဲနဲ ပိုထူအောင်
ရေးပါတယ်...။မြန်မာစာမှာ ပုဒ်မချလိုက်သလိုပေါ့ဗျာ...
🚧🚧🚧🚧🚧🚧🚧🚧🚧🚧🚧🚧🚧🚧🚧🚧
နောက်တစ်ခုက...Measure အကြောင်းပါ...
ဥပမာအနေနဲ့ ပုံ (၅) ကိုပဲကြည့်ပါ....
Bar line တစ်ခုနဲ့ တစ်ခုကြား ဧရိယာကို measure လို့
ခေါ်ပါတယ်...အချို့ကလဲအဲဒါကို Bar လို့ခေါ်ကြတယ်...
ဥပမာ...ဒီသီချင်းတစ်ပုဒ်မှာ ဘယ်နှ bar တီးတယ်...
ဘယ်နှခုမြောက် bar မှာ ဘယ်တူရိယာကိုတီးတယ်...
😜ဘယ်သူကတော့ သီချင်းဆိုရင် တစ်ဘား စောတယ်...😝
စသည်ဖြင့် ပြောကြဆိုကြတာဟာ...measure ပေါ့ဗျာ။
အောက်က ပုံ (၅) မှာ... measure 1, measure 2,
measure 3, measure 4 ဆိုပြီး ၄ bar စာ တွေ့ မြင်
နိုင်ပါတယ်...အဲဒီ့မှာ measure 1 (သို့မဟုတ်) bar 1
သည်...ကျန်တဲ့ ၃ခုထက်နဲနဲ ပိုကျယ်နေတာကို တွေ့ရ
မှာပါ...။
အဲဒါဘာလဲဆိုတော့...မိတ်ဆွေတို့ဟာ...ပထမ
measure 1 မှာ...note တွေအများကြီး ထည့်ရေးချင်
တယ်ဆိုရင်...measure 1 ရဲ့ ဧရိယာအတွင်း မဆန့်မှာ
စိုးလို့ ဧရိယာ နဲနဲ ပိုကျယ်ပေးထားတာပါ...။
မိတ်ဆွေက measure 3 မှာမှ note တွေ အများကြီး
ထည့်ရေးချင်တယ်ဆိုရင်လည်း...measure 3 ကို ဧရိယာ ပိုကျယ်ပေးနိုင်ပါတယ်...။
Measure ထဲပါဝင်မယ့် note အနဲအများပေါ်မူတည်ပြီး...measure ကို အကျဥ်းအကျယ် ပြုလုပ်နိုင်ပါတယ်...။အဲဒီ့လို လုပ်လို့ရနိုင်တဲ့ အကြောင်းကို...
ပုံ (၅) မှာပါတဲ့...measure 1 နဲ့ သာဓကပြထားတာပါ။
ကဲ...ဒီနေ့အတွက်တော့...ဒီလောက်ပါပဲ...ခင်ဗျ...
မိတ်ဆွေတို့ အနေနဲ့လည်း...Covid 19 ကြောင့်
အပြင်သိပ်မထွက်ရမယ့်အတူတူ...အခြားအခြားသော
ပညာရှင်တွေ ရေးသားဖော်ပြထားကြတဲ့... Music နဲ့
ပတ်သတ်သော အကြောင်းအရာလေးတွေအပြင်...
အခြား မိမိတို့စိတ်ဝင်စားရာ...စာပေများကို ဆက်လက်
ဆည်းပူး လေ့လာကြစေလိုပါတယ်...ခင်ဗျ...။
အချိန်တွေ waste မဖြစ်တော့ဘူးပေါ့ဗျာ...
ကျနော့် မိတ်ဆွေများအားလုံးနှင့် တကွ...
မြန်မာပြည်ကြီးတစ်ခုလုံးနှင့်...ကမ္ဘာကြီးတစ်ခုလုံး...
Covid 19 ကပ်ဆိုးကြီး အမြန်ဆုံးကင်းဝေးပါစေလို့...
ဆုတောင်းမေတ္တာပို့သရင်း...🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲
Nay Lin Aung
==========
(တတ်သလောက် မှတ်သလောက်)
 
 
 
Share on Google Plus

About ဆရာကြီး

0 comments:

Post a Comment