Music Theory အပိုင်း ( ၂ ) အခန်း (၃)

 




Music Theory အပိုင်း ( ၂ ) အခန်း (၃)
🍭🍭🍭🍭🍭🍭🍭🍭🍭🍭🍭🍭🍭🍭🍭
✒...International note for theory (Part 3)
🍬🍬🍬🍬🍬🍬🍬🍬🍬🍬🍬🍬🍬🍬🍬🍬
📢....မိတ်ဆွေများအားလုံးပဲ မဂ်လာပါခင်ဗျာ...
ကျနော်တို့...ပြီးခဲ့တဲ့ အပိုင်း( ၂) အခန်း( ၂) မှာ...
Staff note တွေရဲ့ Ledger line တွေ အကြောင်း...
Bar line တွေ အကြောင်း...၊ Measure တွေ အကြောင်း...အကျဥ်းဖျဥ်းလောက်တော့ လေ့လာပြီးခဲ့
ကြပါပြီ...နော်...။
ယခုတစ်ခါ တင်ပြမှာကတော့...
🕘 Musical Timing အကြောင်း နိဒါန်းပျိုးရင်းနဲ့...
🎶 Note value တွေအကြောင်းကိုပါ အခြေခံသဘော
လောက်တစ်ခါထဲ မိတ်ဆက်ပေးသွားမှာပါ...။
ကျနော်တို့တွေ လက်ဖက်ရည်ဆိုင်ထိုင်ကြတဲ့အခါမှာ...
လက်ဖက်ရည်ဆိုင်က သီချင်းဖွင့်ရင် ခြေထောက်ကလေးတွေ ပုတ်ပြီး စည်းချက်လိုက်ဖူးကြတယ်မဟုတ်လား...
သီချင်းမြန်ရင်မြန်သလို နှေးရင်နှေးသလို
လူတိုင်းနီးပါး ခြေထောက်ပုတ်ပြီး စည့်းချက်လိုက်ကြ
တယ်လေ...အဲဒါကိုဘယ်သူသင်ပေးပါသလဲ...?
ဘယ်သူမှ မသင်ပေးပဲ မွေးရာပါ တတ်မြောက်နေကြတာ မဟုတ်လားဗျ...။
အဲဒါကြောင့်...လူတိုင်းနီးပါးဟာ...မွေးရာပါ ဂီတမှာ
ပါရမီ ပါလာပြီးသားလို့ ပြောချင်တာပါ...။ကျနော်တို့
အဲဒီ့လို ခြေထောက်ပုတ်လိုက်တဲ့ နေရာတွေက...
သီချင်းရဲ့ Drum beat တွေအတိုင်းပဲ ပုတ်နေကြတာ
မဟုတ်လား...။အဲဒါခြေထောက်ကနေ Timing ယူနေ
ကြတာလေ...။
အဲဒီ့ Timing ရဲ့ အနှေးအမြန်ကို Tampo လို့ခေါ်ပါ
တယ်...။ Tampo ​ကို ကျနော်တို့က b.p.m ဆိုတဲ့
Unit နဲ့ပြကြတယ်...။ b.p.m ဆိုတာက...
Beat Per Minutes ကို အတိုကောက်ခေါ်လိုက်တာ...
Beat Per Minutes ဆိုတာက...အချိန်တစ်မိနစ်
အတွင်း အကွာအဝေးမှန်ကန်တဲ့ စည်းချက်တွေ ဘယ်နှ
ချက်ပါဝင်တယ်ဆိုတာကို ပြောတာပါ...။သီချင်းတစ်ပုဒ်
ကို 90 bpm, 100 bpm, 120 bpm စသည်ဖြင့်
ဖော်ပြကြပါတယ်။ မိတ်ဆွေတို့ အိမ်က တိုင်ကပ်နာရီရဲ့
စက္ကန့်တံလေး လည်ပတ်နေတာဆိုရင်...60 bpm
ပေါ့ဗျာ...။အကွာအဝေးမှန်ကန်တဲ့ စည်းချက်လို့ ပြောရ
တဲ့ အကြောင်းရင်းက...ဥပမာ...နာရီရဲ့ စက္ကန်တံလေးဟာ...
ပုံမှန်ပဲ တစ်ချက်ချက်နဲ့ သွားနေတာ မဟုတ်လား။
တစ်နေရာရာမှာ မြန်လိုက်...တစ်နေရာရာမှာ နှေးလိုက်
ဖြစ်မနေပဲ...ပုံမှန် သွားလိုက် နားလိုက် ဖြစ်နေတာကို...
အကွာအဝေးမှန်ကန်တဲ့ စည်းချက်လို့ ကျနော် ဆိုလိုတာ
ပါ ခင်ဗျ.. ။တစ်မိနစ်မှာ အချက် ၆၀ မှန်မှန်လေး
ရိုက်ခတ်နေတာလေ...
ဒါဆို... တိုင်ကပ်နာရီရဲ့ စက္ကန့်တံဟာ တစ်စက္ကန့်လျှင်
တစ်ချက်နှုန်းနဲ့ 60 bpm အတိုင်းရွေ့ နေတယ်ဆိုတာ
သိပြီပေါ့...(ငယ်ငယ်ကတည်းက သိပြီးသားဟာကို)
ဒါဆို...တစ်ချက်ရွေ့ရင် "One"...လို့ သတ်မှတ်ပါ...
နောက်တစ်ချက်ကို "Two"...နောက်တစ်ချက်ကို "Three"...
နောက်တစ်ချက်ကို "Four"...လို့ သတ်မှတ်ပြီးရေတွက်လိုက်ကြရအောင်ဗျာ...။နောက်ပြီး အဲဒီ့လို 1 ကနေ 4 အထိ ရေတွက်တာကို..."one bar" လို့ သတ်မှတ်ပေးပါ။
အဲဒါဆို...နာရီစက္ကန့်တံအတိုင်း " 1 "..." 2 "..." 3 "..." 4 "...
" 1 "..." 2 "..." 3 "..." 4 "...လို့ တစ်မိနစ်ပြည့်တဲ့အထိ အရင်ဆုံး စတင်ရေတွက်ကြည့်ကြပါ...။ပါးစပ်က 1,2,3,4 လို့
ရေတွက်နေတဲ့ အချိန်မှာ ခြေထောက်ကလဲ ရေတွက်နေတဲ့အတိုင်း တစ်ထပ်ထဲ လိုက်ပုတ်ပေးပါ...အဲဒီ့လို ခြေထောက်ပုတ်လိုက်တာကို..."beat" လို့ ခေါ်ပါတယ်။
"1,2,3,4" ဆိုတော့...တစ်bar မှာ...လေးbeat ပေါ့။
ဒါဆို..."one bar" မှာ "four beats" ရှိတယ်လို့ ဖြစ်မသွားဘူးလားဗျ...။.
60 bpm အတိုင်းဆိုရင်...မိတ်ဆွေက...
တစ်စက္ကန့်မှာ တစ်ချက်နှုန်းနဲ့ ခြေထောက်ကို ပုတ်နေတာပါ။
ဂဏန်းသခ်ျာအရဆို 1/1 (or) 1 by 1 ပေါ့ဗျာ။
အဲဒီ့အထိ ရရဲ့လားဗျ...။
👉...အဲဒါကို...Exercise 1 လို့ သဘောထားပါ...
နောက်တစ်ခါ...ကျနော်တို့ ပုတ်လိုက်တဲ့ ခြေထောက်ဟာ...တစ်ချက်ပုတ်ပြီး ပြန်မကြွရင် နောက်ထပ်တစ်ချက် ထပ်ပုတ်လို့ ဘယ်ရမလဲဗျ...နော်...
အဲဒီ့တော့...ဒီတစ်ခါ ပုတ်ပြီး ပြန်ကြွလာတဲ့ ခြေထောက်ကို..."and" (သို့မဟုတ်) "&" လို့ သတ်မှတ်လိုက်ရအောင်...
ဒါဆို..." 1, &"..." 2, &"..." 3,&"..." 4,&"....
" 1, &"..." 2, &"..." 3,&"..." 4,&"...
အဲဒီ့လို မဖြစ်သွားဘူးလားဗျ။
ခြေထောက်ပုတ်လိုက်တဲ့ အချက်ကို "On beat"...
ခြေထောက်ကြွလိုက်တဲ့ အချက်ကို "Off beat"...လို့
မှတ်သားကြပါ...တစ်beatမှာ ၂ ချက် ရေတွက်တဲ့
သဘောပေါ့...တနည်းအားဖြင့် တစ်စက္ကန့်မှာ ၂ ချက်
ရေတွက်လိုက်တာပေါ့...။ သခ်ျာအရဆို 1/2 ပါ...။
👉...အဲဒါ Exercise 2 ပေါ့ဗျာ...။
နောက်တစ်ခါ..."On beat" မှာ နှစ်ချက် "Off beat"
မှာ နှစ်ချက် မှတ်သားကြည့်ရအောင်ဗျာ...အဲဒါဆို...
" 1 " မှာ ၂ချက်..."&" မှာ ၂ချက်၊ " 2 " မှာ ၂ချက်...
"&" မှာ ၂ချက်၊ " 3 " မှာ ၂ချက်..."&" မှာ ၂ချက်၊
" 4 " မှာ၂ချက်..."&" မှာ ၂ချက် လုပ်ရမှာပေါ့ဗျာ...
အဲဒီ့တော့...ခြေထောက်စတင် ပုတ်လိုက်တဲ့
"On beat" ကို " 1, e " လို့ သတ်မှတ်ပြီး...ခြေထောက်ပြန်ကြွလာတဲ့ "Off beat" ကို " &, a " လို့ သတ်မှတ်ပါ...ဒါဆို
" 1,e,&,a"..."2,e,&,a"..."3,e,n,a"..."4,e,&,a"...
" 1,e,&,a"..."2,e,&,a"..."3,e,n,a"..."4,e,&,a"...
စသည်ဖြင့်...အဲဒီ့လို တစ်beatမှာ လေးချက် ရေတွက်လို့ ရသွားတာပေါ့...တနည်းအားဖြင့် တစ်စက္ကန့်မှာ လေးချက် ရေတွက်လိုက်တာပေါ့ဗျ...။
အဲဒါ သခ်ျာအရ 1/4 မဟုတ်လား...
👉...အဲဒါ...Exercise 3 ပေါ့ဗျာ...။
နောက်တစ်ခုက...Triplet ပါ...။
Triplet ကျတော့...တစ်beat မှာ ၃ချက် ရေတွက်လိုက်
တာပါ...။ 60 bpm အရဆို တစ်စက္ကန့်မှာ ၃ချက် ရေတွက်ခြင်းပါ။ အဲဒါကျတော့...ရေတွက်ပုံကတစ်မျိုးပါ။ ဘာလို့လဲဆိုတော့...Triplet က သခ်ျာအရ 1/3 ဖြစ်နေလို့ပါ။
သူ့ကို ရေတွက်မယ်ဆိုရင်...
"1-trip-let "..."2-trip-let"..."3-trip-let"...
"4-trip-let"..."1-trip-let "..."2-trip-let"...
"3-trip-let"..."4-trip-let"...စသည်ဖြင့်ရေတွက်
ကြပါတယ်...။On beat ရော Off beat ရောမှာ...
သုံးချက်ကွက်တိဝင်အောင် ရေတွက်ရတာပါ...။
• On beat ပုတ်လိုက်တဲ့ ခြေထောက် စရွေ့ရင် "1"...
• ကြမ်းပြင်နဲ့ထိရင် "trip"...
• Off beat ခြေထောက် ပြန်ကြွ လိုက်ရင် "let"...လို့ အညီအမျှ ရေတွက်လိုက်တာပေါ့ဗျာ...။
ရှင်းရဲ့လားတော့မသိဘူးဗျာ...
👉...အဲဒါကို Exercise 4 လို့ သဘောထားပါ...။
(မှတ်ချက်။ ။ အချို့သော ဆရာသမားများသည် ကျနော်
တင်ပြသကဲ့သို့ မဟုတ်ပဲ...Beat နှင့်
ပတ်သတ်၍ ပိုမိုကောင်းမွန် လွယ်ကူသော
ဥပမာများ၊မှတ်ပုံ မှတ်နည်းများလည်း
ရှိနိုင်ပါသည်...။ထို့ကြောင့် မိမိတို့ကြိုက်
နှစ်သက်ရာကိုသာ ဦးစားပေးကြပါ...)
ကျနော်တို့ ကမ္ဘာပေါ်မှာ ရှိသမျှ သက်ရှိ သက်မဲ့ ပစ္စည်းတွေအားလုံးမှာ တန်ဖိုး( Value) ကိုယ်စီရှိကြပါတယ်...
တန်ဖိုးမရှိတဲ့ သက်ရှိ၊ သက်မဲ့ဆိုတာ လုံးဝမရှိပါဘူး...။
ဖုန်မှုန့်လေးတွေ၊ ပြာမှုန့်လေးတွေမှာတောင် သူ့နေရာ
နဲ့သူ တန်ဖိုးရှိကြပါတယ်...။ ဒါကြောင့်လဲ...
" လူနာ ဖုတ်သိပ်...ခွေးနာ ပြာသိပ်..." ဆိုတဲ့ စကားပုံ
ပေါ်လာတာပေါ့ဗျာ...။( ဆိုင်မဆိုင်တော့ မသိဘူး)
ကဲ...ဒါဆို...ကျနော်တို့ Note တွေဆီ ပြန်သွား
ကြရအောင်...
ကျနော်တို့ အရင်အခန်းတွေမှာ လေ့လာခဲ့ကြတဲ့ Note
တွေကို တန်ဖိုးလေးတွေခွဲကြည့်ကြရအောင်...
မိတ်ဆွေဟာ...မိမိကြိုက်နှစ်သက်ရာ တူရိယာတစ်ခုခုနဲ့
"C" note (သို့မဟုတ်) "C" key ရဲ့ "ဒို" note ကို
တီးပြီဆိုပါစို့...အဲဒါကို တိုင်ကပ်နာရီ စက္ကန့်တံ သွားနေတဲ့အတိုင်း...60 bpm နဲ့ပဲရေတွက်လိုက်ရအောင်ဗျာ...
( မှတ်ချက်။ ။ "C" note နော်..."C" chord မဟုတ်ဖူး)
စက္ကန့်တံလေးဟာ...
1...2...3...4...,1...2...3...4...ဆိုပြီး သွားနေပြီ...
ခြေထောက်ကလဲ စက္ကန့်တံနဲ့အတူ လိုက်ပြီး ပုတ်နေပြီ..
အဲဒီ့အချိန်မှာ...ကျနော်တို့က..."1" ရောက်တဲ့ အချိန်မှာ
"C" note ကို တစ်ချက်တီးပါ...ပြီးရင် အဲဒီ့တီးလို့ထွက်
လာတဲ့အသံကို..."4" ရောက်တဲ့အထိ ဆွဲထားပါ။
အသံမဖြတ်ချလိုက်ပါနဲ့...။ မရပ်လိုက်ပါနဲ့...။
ဥပမာအနေနဲ့...တစ်barစာလောက် ရေးပြရရင်တော့...
C
/ 1...2...3...4.../
အဲဒီ့အတိုင်းဖြစ်သွားတာပေါ့...တစ်နည်းအားဖြင့်
ပထမဆုံး beat မှာ "C" note ကိုတီးပြီး...အဲဒီ့တီးလိုက်တဲ့ အသံကို 4 ရောက်တဲ့အထိ တစ်barစာ အသံဆွဲသွားတဲ့ သဘောပေါ့။
အဲဒီလို...တစ်ချက်တီးပြီး 4beatစာ အသံဆွဲထားနိုင်တဲ့
အရည်အသွေးတန်ဖိုးရှိတဲ့ note ကို "Whole note" လို့ ခေါ်ပါတယ်...British လိုတော့ "Semibreve" လို့လဲ
ခေါ်ကြပါတယ်...။
( ယခု Post ရဲ့ အောက်ဆုံးမှာလည်း Staf note ပုံများနဲ့
ဖော်ပြပေးထားပါတယ်...)
နောက်တစ်ခါ...ဥပမာက...
C C
/1...2...3...4.../
ဒီ bar မှာကျတော့... bar ရဲ့ ပထမ beat မှာ "C"
note ကိုတီးတယ်...အဲဒီ့အသံကို ဒုတိယ beat ဖြစ်တဲ့
"2" အထိပဲ ဆွဲထားတယ်...ပြီးတော့ တတိယ beat ဖြစ်တဲ့..."3" မှာ ပြန်တီးတယ်...အဲဒီ့အသံကို "4" အထိဆွဲ
ထားပြန်တယ်...။
အဲဒီ့လို...တစ်ချက်တီးပြီး 2beat စာ အသံဆွဲထားနိုင်တဲ့
အရည်အသွေး တန်ဖိုးရှိတဲ့ note တွေကို...
"Half note" လို့ ခေါ်ပါတယ်...British လိုတော့
"Minim" လို့ခေါ်ပါတယ်...။
နောက်ထပ်ဥပမာက...
C C C C
/1...2...3...4.../
ဒီ bar မှာ ကျပြန်တော့..."C" note ကို တစ်beat တစ်ချက်နှုန်းနဲ့ တီးနေတာကိုတွေ့ရမှာပါ...အဲဒီလို တစ်beat ကိုတစ်ချက်စာပဲ တန်ဖိုးရှိတဲ့ note တွေကို
"Quarter note" လို့ခေါ်ပါတယ်...British လိုတော့
"Crotchet" လို့ ခေါ်ကြပါတယ်။အထက်မှာ ဖော်ပြခဲ့တဲ့
Exercise 1 ကို ရေတွက်နေရင်း လက်ကပါ လိုက်တီးနေတဲ့သဘော ဖြစ်မသွားဘူးလားဗျ...အဲဒါက...။
ကဲ...နောက်တစ်ခါ...
C C C C C C C C
/1.........2........3.......4......../
1 & 2 & 3 & 4 &
ဒီ bar မှာဆိုရင်တော့...တစ် bar မှာ...တစ် beat ကို
၂ချက်နှုန်းနဲ့ "1,&"..."2,&"..."3,&"..."4,&"...ဆိုပြီး
"C" note ကို On beat ရော Off beat ရော တစ်ချက်
စီ တီးနေတာ မဟုတ်ဖူးလားဗျ...။ အထက်မှာဖော်ပြခဲ့တဲ့...Exercise 2 အတိုင်းကိုပဲ လက်ကပါ လိုက်တီးတဲ့ပုံပေါ့ဗျာ...။
အဲဒီ့လို...တစ်beat ကို ၂ ချက်နှုန်း တန်ဖိုးရှိတဲ့ note
တွေကို " Eight note " လို့ခေါ်ပါတယ်...။တစ် beat
၂ ချက်ဆိုတော့...တစ်bar မှာ ၈ ချက်ဖြစ်သွားလို့...
"Eight note" လို့ခေါ်တာပါ။ British လိုတော့...
" Quaver " လို့ ခေါ်ပါတယ်...။
နောက်တစ်ခုက...
C C C C C C C C C C C C C C C C
/1................2..............3..............4............./
1 e & a 2 e & a 3 e & a 4 e & a
ဒီမှာဆိုရင်တော့...တစ်bar မှာ လေးချက်နှုန်းနဲ့
On beat မှာ ၂ချက်...Off beat မှာ ၂ချက် တီးနေတာ
ပေါ့ဗျ...။အထက်ကပြောခဲတဲ့...Exercise 3 ကို
ရေတွက်ရင်း လက်ကပါလိုက် တီးနေတာနဲ့ တူတူပဲလေ...
အဲဒီ့လို တစ်beat ကို လေးချက်နှုန်း တန်ဖိုးရှိတဲ့
note တွေကို " Sixteen note" လို့ခေါ်ပါတယ်...
တစ်bar ဆို ၁၆ လုံး ဖြစ်သွားလို့ပါ...။ British လိုတော့..." Semi quaver" လို့ခေါ်ပါတယ်...။
နောက်ဆုံး...
C C C C C C C C C C C C
/1...............2...............3...............4............./
1-trip-let 2-trip-let 3-trip-let 4-trip-let
ဒီမှာဆိုရင်...တစ်beat ကို သုံးချက်တီးထားတာ
တွေ့ပါလိမ့်မယ်...။သူကတော့...အထက်မှာပြောခဲ့တဲ့
"Triplet" ပါ...။
ကျနော်ယခုပြောခဲ့တဲ့...Note တန်ဖိုးတွေကို...
Staf note နဲ့ ဖော်ပြရရင်တော့...
အောက်ပါ ​ပေးထားသော ပုံများကိုသာ ကြည့်ရှုလေ့လာ
ကြပါ...ခင်ဗျာ...။
ကျန်တာတော့ နောက်နေ့မှ ဆက်ကြတာပေါ့ဗျာ ...
အားလုံးပဲ.. ကျန်းမာ ချမ်းသာကြပါစေ...
Covid-19 ရန်ကနေ ကာကွယ်နိုင်ကြပါစေ...
Nay Lin Aung
==========
(တတ်သလောက် မှတ်သလောက်)
 
 
 
Share on Google Plus

About ဆရာကြီး

0 comments:

Post a Comment