Music Theory အပိုင်း( ၂ )၊ အခန်း ( ၆ )

 



Music Theory အပိုင်း( ၂ )၊ အခန်း ( ၆ )...
🎭🎭🎭🎭🎭🎭🎭🎭🎭🎭🎭🎭🎭🎭🎭🎭
🎼...Degree & Interval အကြောင်းသိကောင်းစရာ...
🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶
🙏...အားလုံး မင်္ဂလာပါခင်ဗျာ...
ကျနော်ပြီးခဲ့တဲ့ အပိုင်း(၁) အခန်း(၆) မှာ...
Degree နဲ့ Interval တွေအကြောင်းကို အခြေခံ
သဘောလောက် မိတ်ဆက်ပေးခဲ့ပြီးပါပြီ...
အဲဒီ့တုန်းက မိတ်ဆွေတို့ကို International note တွေ
အကြောင်း မရှင်းပြရသေးတော့ အဲဒီ့ Degree တွေ၊
Interval တွေနဲ့ ပတ်သတ်ပြီး အကျယ်တဝင့် ရှင်းရမယ့်
ကိစ္စအချို့ကို ခဏချန်လှပ်ထားခဲ့ရပါတယ်...။
ယခု အပိုင်း( ၂ )မှာတော့ မိတ်ဆွေတို့ကို ကျနော်
" International note for theory " ဆိုပြီး
ရှေ့ကအခန်း ၅ ခန်းမှာ...International note နဲ့
ပတ်သတ်လို့ အ​ခြေခံလောက်ကလေး တင်ပြဆွေးနွေး
​​ပေးခဲ့ပါတယ်...။အဲဒီ့အခြေခံလေးတွေနဲ့ ကျနော်တို့
ရှေ့ဆက်ကြည့်ကြရအောင်ဗျာ...။
အဲဒီတော့ ကျနော်တို့ အရင် အပိုင်း(၁) မှာ ခဏချန်ခဲ့ရတဲ့ Degree နဲ့ Interval တွေ အကြောင်းကို နဲနဲလေး အကျယ်ချဲ့ ပြီး ထပ်မံလေ့လာ ကြည့်ကြရအောင်...။
အရင်ဆုံး အပိုင်း(၁)တုန်းကပြောခဲ့တဲ့ Degree & interval
တွေအကြောင်းကို Recall ပြန်ခေါ်ရရင်...
"Degree" ဆိုတာသည်...Note တစ်ခုကနေ တစ်ခု အကွာအဝေးကို ဖော်ပြတဲ့ ဖော်ပြချက်တစ်ခုဖြစ်ပါတယ်...
Degree အရ alphabet မတူအောင် မထပ်အောင်
ရေးရပါတယ်...
(ဥပမာ...Ab...A...A#...လို့မရေးပဲ
...G#...A...Bb...လို့ပဲ ရေးရပါတယ်...)
မမှတ်မိရင်တော့ အပိုင်း(၁)၊ အခန်း(၆) မှာ ပြန်လည်
ရှုစားနိုင်ပါတယ် ခင်ဗျ...။
Interval တွေအနေနဲ့ ဆိုရင်လဲ...
Note တစ်ခုကနေတစ်ခု အကွာအဝေးကို
Whole step, Half step တွေနဲ့ ဖော်ပြ စီစဥ်ပြီး
Major scale တွေ...Minor scale တွေ ...
အပိုင်း(၁) မှာ ကတည်းက ကျနော်တို့ တည်ဆောက်လာခဲ့ကြပါတယ်...နော်...။
ယခု အပိုင်း( ၂ ) မှာတော့ ကျနော်တို့ဟာ...
Degree အခေါ်အဝေါ်သစ်တွေ ထပ်မံလေ့လာရမှာပါ...
ဘာလို့လဲဆိုတော့...ယခုတင်ပြမယ့် Degree အခေါ်
အဝေါ် တွေကိုသိထားမှ မိတ်ဆွေတို့ နောက်ပိုင်း ဂီတနဲ့
ပတ်သတ်ပြီး အဆင့်မြင့်မြင့် ထပ်မံလေ့လာတဲ့အခါမှာ
လွယ်ကူချောမွေ့ပြီး...အဆင်ပြေနိုင်ကြမှာပါ...။
ကဲ...ဒါဆို ကျနော်တို့ Degree name ​​တွေ
​ အကြောင်း ကို စ လိုက်ကြရအောင်ဗျာ...
ဥပမာ..."C" major scale ကိုအရင်ချရေးကြည့်ရအောင်...
"...C...D...E...F...G...A...B...C..."
W W H W W W H
ဟုတ်ပါတယ်နော်...မှတ်မိပါသေးတယ်နော်...
"C" major scale သည် "C" က စယူရတာဆိုတော့...
Degree အရ အောက်ပါအတိုင်းဖြစ်လာပါတယ်။
C...သည်........first degree (root)
D...သည်........second degree
E...သည်.........third degree
F...သည်.........fourth degree
G...သည်.........fifth degree
A...သည်.........sixth degree
B...သည်.........seventh degree
C...သည်.........eight drgree (octave)
ဟုတ်ပါတယ်နော်...
"C" major scale ဖြစ်တဲ့အတွက် "C" note သည်
Root note ဖြစ်ပြီး...နောက်ထပ်လာတဲ့ high pitch "C" ဟာ...one octave ဖြစ်တယ်ဆိုတာလဲ အပိုင်း(၁) အခန်း(၅) မှာကတည်းက သိခဲ့ပြီးသားပါနော်။
အဲဒီ့လို "C" Major scale ဆိုရင်...
"C" သည် first (root)...
"D" သည် second...
"E" သည် third...စသည်ဖြင့်ပေါ့ဗျာ...။
"D" Major scale ဆိုရင်လည်း...
"D" သည် first (root)...
"E" သည် second...
"F#" သည် third...
"G" သည် fourth...စသည်ဖြင့် ယူဆရမှာပေါ့...။
{ Major scale အကြောင်းကိုလည်း မမှတ်မိရင်...
ကျနော်ရေးသားခဲ့တဲ့ Music Theory အပိုင်း(၁)
အခန်း(၆)မှာ ပြန်လည်လေ့လာနိုင်ပါတယ်...}
နောက်ထပ် သိထားသင့်တာလေး တစ်ခုကတော့...
အကယ်၍... ကျနော်က Guitar နဲ့ "C" key ရဲ့
Root note (or) "C" note ကိုတီးလိုက်တယ်ဆိုပါစို့...
နောက်တစ်ယောက်ကလည်း အဲဒီ့ pitch အတိုင်း နောက်ထပ် Guitar တစ်လုံးနဲ့ ကျနော်တီးတဲ့ "C" note ကိုပဲ ထပ်တီးလိုက်တဲ့အသံကို "Unison" လို့ခေါ်ပါတယ်...။
တနည်းအားဖြင့်... "Unison" ဆိုတာ note တစ်ခုထဲကို တူရိယာ ၁ ခု သို့မဟုတ် ၁ ခုထက်ပိုတာတွေနဲ့ တီးလိုက်တဲ့ သဘောပေါ့...။
အလွယ်ဥပမာပေးရရင်တော့ Guitar ကြိုးညှိနေသလို
ပါပဲ...။ ၂ ကြိုး ၅ အကွက်မှာ လက်ထောက်ပြီး...
၁ ကြိုးနဲ့ အသံမတူတူအောင် "တင်မောင်...တင်မောင်"
ဆိုပြီး ညှိနေကြတာလေ...။ အသံတူသွားရင် "Unison"
ဖြစ်သွားတာပေါ့ဗျ...။
နောက်တစ်ခါကျတော့ ကျနော်က "C" note နဲ့
"D" note ကိုတီးတယ်ဆိုရင်...
အဲဒီ့ "C" ကနေ "D" အထိဟာ "Second" ကွာဝေးတယ်...
"C" ကနေ "E" အထိဆိုရင်..."Third" ကွာဝေးတယ်...
"C" ကနေ "F" အထိဆိုရင်..."Fourth" ကွာဝေးတယ်...
"C" ကနေ "G" အထိဆိုရင်..."Fifth" ကွာဝေးတယ်...
"C" ကနေ "A" အထိဆိုရင်..."Sixth" ကွာဝေးတယ်...
"C" ကနေ "B" အထိဆိုရင် "Seventh" ကွာဝေးတယ်..
"C" ကနေ နောက်ထပ် "C" အထိကိုတော့
"one octave" ကွာဝေးတယ်လို့ မှတ်ယူရပါမယ်...။
အဲဒီ့အထိ ရှင်းလားမသိဘူးဗျ...။
အခုတစ်ခါ ကျနော် Technical name အနေနဲ့
Degree တွေရဲ့ နာမည်တွေကို ဖော်ပြပါမယ်။
ကျနော်တို့ နောက်တစ်​ခေါက် "C" major scale ကို ပြန်ရေးချကြည့်ရအောင်ဗျာ...
"...C...D...E...F...G...A...B...C..."
W W H W W W H
အဲဒီ့မှာမှ Degree တွေကို Technical name အရ ပြန်ရေးရင် အောက်ပါအတိုင်း ဖြစ်ပါတယ်...။
Note. Degree Name
===== ======= ======
1. C First(root) Tonic
2. D Second Supertonic
3. E Third Mediant
4. F Fourth Subdominant
5. G Fifth Dominant
6. A Sixth Submediant
7. B Seventh Leading tone
8. C Eight(octave) Tonic
"ဟာဗျာ...ခင်ဗျားကလည်း...တဖြည်းဖြည်းနဲ့ရှုပ်လာပြီ
အဲဒီ့နာမည်တွေ မသိတော့ကော ဘာဖြစ်မှာမို့လို့လဲဗျ..."
အဲဒီလို...မေးချင်ကြမှာပေါ့နော်...
မသိရင်လဲ ဘာမှတော့ မဖြစ်ပါဘူးဗျ...
အသံ​တွေရဲ့ သဘောသဘာဝတွေကို တိတိကျကျ လေ့လာထားမှ ကိုယ်ပိုင်သံစဥ်တွေတည်ဆောက်တဲ့ အခါမှာ... သံစဥ်ကောင်း၊ သီချင်းကောင်းတွေ ဖန်တီးနိုင်မှာမို့လို့ပါ...။
နောက်တစ်ပတ်ကျရင်တော့...အဲဒီ့ Degree အသီးသီးရဲ့ Technical name တွေရဲ့ အဓိပ္ပါယ်နဲ့ သက်ရောက်မှုတွေကို ကျနော်ထပ်မံ ဆွေးနွေးပေးသွားပါမယ်...။
အဲဒီ့အခါကျမှ မဖြစ်မနေ သိသင့်တယ်ဆိုတာ
မိတ်ဆွေတို့ ကိုယ်တိုင်ကိုယ်ကျ သိလာပါလိမ့်မယ်...။(လောလောဆယ်တော့ အရင်မိတ်ဆက်ပေးထားတဲ့ သဘောပါ...ဒါမှ နောက်ပိုင်း အိမ်အလည်သွားလို့ရမှာပါ...)
ယခုတစ်ခါ Interval တွေနဲ့ ပတ်သတ်ပြီး ထပ်မံသိထားသင့်တဲ့ အကြောင်းအရာလေးတွေ တင်ပြပါဦးမယ်...။
အရမ်းလဲအရေးကြီးပါတယ်ခင်ဗျ...အဲဒါတွေသိမှ
Major , minor , Augmented , Diminished
စတဲ့ main chord တွေဖြစ်ပေါ်လာပုံကို နားလည်သွားမှာပါ...။
Interval တွေကို အဓိကအားဖြင့် ၄ ပိုင်း ပိုင်းခြားနိုင်ပါတယ်...အဲဒါတွေကတော့...
1. Major interval
2. Perfect interval
3. minor interval
4. Augmented & Diminished interval
တွေပဲဖြစ်ပါတယ်...။
😉...Major interval
===============
ကျနော်တို့ ခုနက လေ့လာခဲ့တဲ့ "C" Major scale
ထဲမှာ ပါဝင်တဲ့ note တွေ အားလုံးဟာ Major interval တွေပါပဲ...
"C" ကနေ "D" ကို "Major Second" လို့ ခေါ်ပါတယ်..
"C" ကနေ "E" ကို "Major Third" လို့ ခေါ်ပါတယ်...
"C" ကနေ "A" ကို "Major Sixth" လို့ခေါ်ပါတယ်...
"C" ကနေ "B" ကို "Major Seventh" လို့ခေါ်ပါတယ်...
"ဟင်"..." F တွေ G တွေက ဘယ်ရောက်သွားတုန်းဗျ..."
"ရှိပါတယ်"..."ဘယ်မှ မရောက်ပါဘူးခင်ဗျ..."
"အဲဒီ့ အလယ်က F နဲ့ G နဲ့ဟာ 'Perfect interval' တွေမို့လို့ ချန်ခဲ့တာပါ..."
"Perfect ဆိုတာ ပြီးပြည့်စုံသော၊ တနည်းအားဖြင့်
အားကောင်းသော...စသည်ဖြင့် အဓိပ္ပါယ်ရပါတယ်..."
"ဘာကြောင့် သူတို့က 'Perfect interval' ဖြစ်ရတာလဲ ? "
😎...Perfect interval
===============
ဥပမာအနေနဲ့ "C" Major scale မှာဆိုရင်...
"C" သည် Root note ပါ...။တနည်းအားဖြင့် "C" သည် Key tone ဖြစ်တဲ့အတွက်အားအကောင်းဆုံး note ပါ...။ အဲဒီ့ Root note "C" ကို နောက်ထပ်
သူနဲ့ Pitch တူတဲ့ Root note "C" နောက်တစ်ခုနဲ့
နှိုင်းယှဥ်ကြည့်မယ်ဆိုရင်...ဒီအသံချည်းပဲ တစ်ထပ်ထဲဆိုတော့...step က zero ပါ...သူတို့ကြားထဲမှာ
Pitch မရှိပါဘူး...ဒါပေမယ့် Interval အနေနဲ့ကျတော့ အားကောင်းတဲ့ Root note ၂လုံး ဖြစ်နေတဲ့အတွက် ...
🔸"C" root နဲ့ "C" root အကွာအဝေး zero step
ကို..."Perfect unison" လို့ ခေါ်ပါတယ်...***
နောက်ပြီး Root note "C" ရဲ့ frequency ဟာ 260 Hz ရှိတယ်ဆိုကြပါစို့ဗျာ...သူ့နဲ့ one octave အကွာက high pitch "C" သည် သူ့ရဲ့ ၂ဆ 520 Hz ရှိနေပါလိမ့်မယ်။ တနည်းအားဖြင့် (2:1)နှစ်အချိုးတစ် ပေါ့ဗျာ...။Tone ကတော့ အတူတူပါပဲ Pitch က one octave စာ ကွာသွားတာကိုး... Pitch ကသာ one octave ကွာသွားပေမယ့် သူတို့ ၂ခုဟာ အားကောင်းတဲ့ Root note ၂ခုပဲ ဖြစ်နေကြတဲ့အတွက်....
🔸 "C" root နဲ့ "C" octave ကြား အကွာအဝေး
interval ကို..."Perfect octave" လို့ခေါ်ပါတယ်...***
အဲဒီ့ "C" Major scale မှာ "C" ပြီးရင် အားအကောင်းဆုံးသည်... ၅ ခုမြောက်က Dominant ဖြစ်တဲ့ "G" ပါ။
ဘာလို့လဲဆိုတော့..."G" ကို Frequency အရ "C" နဲ့
အချိုးချလိုက်တဲ့ အခါမှာ...(3:2) သုံးချိုး ၂ ချိုးလောက် Power ရှိပါတယ်...။ ဒါကြောင့်...
🔸 "C" ကနေ "G" အထိကို "Perfect fifth"
လို့ခေါ်ပါတယ်...***
"G" ပြီးရင် အားအကောင်းဆုံးကတော့ ၄ ခုမြောက် Subdominant ဖြစ်နဲ့ "F" ပါ...။"F" ဟာ "C" နဲ့အချိုး
ချရင်...(4:3) လေးချိုးသုံးချိုးလောက် Power ရှိပါတယ်...။ ဒါကြောင့်...
🔸 "C" ကနေ "F" အထိကို "Perfect fourth"
လို့ခေါ်ပါတယ်...***
ကျန်တဲ့ note တွေနဲ့ "Root note" ဖြစ်တဲ့ "C" နဲ့
အချိုးချကြည့်လိုက်တဲ့အခါမှာ..."F" နဲ့ "G" လောက်
သိပ်မရှင်းလင်းပဲ အရှုပ်အထွေးများတဲ့အတွက်...
ပညာရှင်များဟာ Subdominant နဲ့ Dominant ဖြစ်တဲ့ "F" နဲ့ "G"ကို Root note "C" ပြီးရင် နောက်ထပ် "Perfect interval"အဖြစ် သတ်မှတ်လိုက်တာပါ...။
👉 နောက်ပြီး...ဘယ်သီချင်းမဆို...Subdominent နဲ့
Dominent chord တစ်ခုခုမပါပဲ သီချင်းမဖြစ်ပါဘူး။
😦...minor interval
==============
minor interval ကျတော့ Major interval တွေကို
Flat (b) လုပ်လိုက်ရင် minor interval တွေ
automatic ရပြီပေါ့ဗျာ...
"C" ကနေ "Db" ကို "minor second"
"C" ကနေ "Eb" ကို "minor third"
"C" ကနေ "Ab" ကို "minor sixth"
"C" ကနေ "Bb" ကို "minor seventh" လို့ ခေါ်ပါတယ်...
😱...Augmented & Diminished interval
============================
Augmented နဲ့ Diminished interval တွေကိုတော့...Perfect fourth နဲ့ Perfect fifth တို့အပေါ်
မူတည်ပြီး ခွဲခြားပါတယ်...
အရင်ဦးဆုံး...
*Sharp(#) လုပ်ရင် Augmented...
*Flat(b) လုပ်ရင် Diminished... လို့မှတ်ထားပါ...။
"C" key မှာ..."F" နဲ့ "G" နဲ့ ကြားမှာ "F#" (or) "Gb"
ရှိတယ် မဟုတ်လား...
***အဲဒီ့ "F#" (or) "Gb" ကို "F" ဘက်ကနေ ဖတ်ရင်
"Augmented fourth"...လို့ ခေါ်ရပါတယ်...
*** "F#" (or) "Gb" ကို "G" ဘက်ကနေပြန်ဖတ်ရင်
"Diminished fifth"...လို့ ခေါ်ရပါတယ်...
*** "C" ကနေ "F#" အထိဆိုတော့ whole step ၃ ခု
ကွာခြားတဲ့အတွက် "Tritone" လို့လဲခေါ်ကြပါ
တယ်...။ "Tritone" ဟာ အဆိုသမားတွေ သီဆိုရ
ခက်ခဲတဲ့အတွက် သူ့ကို "Devil Interval" လို့လဲ
ခေါ်ကြပါသေးတယ်...။
အခုတစ်ခါ Interval တွေကို ပိုနားလည်သွားအောင်လို့
ကျနော်တို့... "C" Key နဲ့ "Chromatic scale"တစ်ခု တည်ဆောက်ပြီး လေ့လာကြည့်ရအောင်ဗျာ...။
"C C# D Eb E F F# G G# A Bb B C"
" 1 1# 2 b3 3 4 4# 5 5# 6 b7 7 i "
ဟုတ်ပါတယ်နော်...
အဲဒီ့ Chromatic scale သည် note တစ်ခုနဲ့ တစ်ခု
Half step စီ ကွာဝေးတာမဟုတ်လားဗျ...။
လေ့လာရတာ အထောက်အကူဖြစ်အောင်လို့ အောက်မှာကျနော် ဇယား Table လေး လုပ်ပေးထားပါတယ်...။
အဲဒီ့လို "C" ကနေ စလို့ half step တစ်ခုချင်းစီကို မိမိကြိုက်နှစ်သက်ရာ တူရိယာနဲ့တီးပြီး...အောက်ကပေးထားတဲ့ table အတိုင်း Interval တွေကို ရွှေ့ ပြီး
တီးသွားကြည့်ပါ...။
Table ၏ ဘယ်ဘက်ကိုကြည့်ခြင်းအားဖြင့်...
Major, minor, Perfect, Aug&Dim စတဲ့ Interval
တွေကို အရောင်များဖြင့် ခွဲခြား လေ့လာနိုင်သလို...
Root note "C" မှ စတင်၍ half step အစဥ်အတိုင်း ရေတွက်ထားတဲ့ note များကို one octave စာ...
တွေ့ မြင်နိုင်ပါတယ်...။
Table ၏ အလယ်တွင်...Interval ရေတွက်
ခေါ်ဝေါ်ပုံများကို အစဥ်အတိုင်း ရေးထားပါတယ်...။
Table ၏ ညာဘက်ခြမ်းမှာတော့ "no. of half step"
ဆိုပြီး... interval တစ်ခုခြင်းအလိုက်...root note မှ ရေတွက်လျှင် half step ဘယ်နှခုကွာဝေးကြောင်းကို ဖော်ပြပေးထားတာ ဖြစ်ပါတယ်...။
Notes from "C" Interval no. of half step
========== ======= ===========
⚡ C Perfect unison. 0
🔹 C# minor second. 1
🔸 D Major second. 2
🔹 D# minor third. 3
🔸 E Major third. 4
⚡ F Perfect fourth. 5
😈 F#/Gb Aug fourth/Dim fifth. 6
⚡ G Perfect fifth. 7
🔹 G# minor sixth. 8
🔸 A Major sixth. 9
🔹 A# minor seventh. 10
🔸 B Major seventh. 11
⚡ C Perfect Octave. 12
Table ကိုကြည့်ခြင်းအားဖြင့်...Chromatic scale တစ်ခုမှာ...
• Major interval ၄ ခု...
• minor interval ၄ ခု...
• Perfect interval ၄ ခု...
• Augmented & Diminished interval ၁ ခု...
ရှိတယ်ဆိုတာ တွေ့မြင်နိုင်ပါတယ်...။
ဝါသနာရှင်များအနေနဲ့ Post ကိုလဲဖတ်ရင်း စာရွက်အလွတ် ခံတံတစ်ချောင်းနဲ့ ကျန်တဲ့ Key တွေကိုလဲ လိုက်တွက်ကြည့်နိုင်ပါတယ်...။
အောက်မှာ ပေးထားတဲ့ ပုံလေးတွေကို ကြည့်ပြီးတော့လဲ
International note နဲ့တကွ လေ့လာနိုင်ကြပါတယ်...။
ကဲ...ဒီတစ်ပါတ်တော့ ဒီလောက်ပါပဲဗျာ...။
💐...ကိုယ်စိတ်နှစ်ဖြာ...ဘေးရန်ကွာ
ချမ်းသာကြပါစေ....။
Nay Lin Aung
==========
( တတ်သလောက် မှတ်သလောက် )
 
 
 
Share on Google Plus

About ဆရာကြီး

1 comments:

  1. အပိုင်း တစ်။ အခန်းအားလုံး
    အကုန်သိချင်ပါတယ်
    ဘယ်လိုရှာရမြန်းမသိလို့

    ReplyDelete