Music Theory အပိုင်း( ၂ ) ၊ အခန်း( ၄ )

 




Music Theory အပိုင်း( ၂ ) ၊ အခန်း( ၄ )...
🎀🎀🎀🎀🎀🎀🎀🎀🎀🎀🎀🎀🎀🎀🎀🎀
🎶...International note for theory...( part 4 )
📯📯📯📯📯📯📯📯📯📯📯📯📯📯📯📯
🔊...အားလုံးပဲ မဂ်လာပါ ခင်ဗျာ...
ကျနော်တို့တွေ ပြီးခဲ့တဲ့ အပိုင်း( ၂) အခန်း(၃) မှာ...
Staf note တွေရဲ့ တန်ဖိုး( value )တွေ အကြောင်းနဲ့
Tempo ​တွေအကြောင်းကို အခြေခံအနေနဲ့ သိသင့်
သိထိုက်တာလေးတွေ ကျနော်တို့ ဆွေးနွေးခဲ့ကြပါတယ်။
ကျနော်က ယခုအပိုင်း( ၂ )မှာ International note (or) Staf note ဖတ်ပုံ ဖတ်နည်းတွေကို ဆွေးနွေးတင်ပြနေတယ်လို့ မိတ်ဆွေများအနေနဲ့ မယူဆစေလိုပါဘူး ခင်ဗျ...
ကျနော် Staf note တွေအကြောင်း ရှင်းပြနေရတာက
Music Theory အတွက် မရှိမဖြစ်သိထားသင့်သလောက် အပိုင်းလေးတွေပဲ ရှင်းပြနေတာပါ...။
International note (or) Staf note တွေအကြောင်း ကျနော်ရှင်းပြတာထက် ပိုမိုလေ့လာချင်တယ်ဆိုရင်တော့...
ယခု ကျနော့်ဆောင်းပါးလေးရဲ့ အောက်ဆုံးမှာ...
ဆောင်းပါးရှင် ဆရာဟယ်ရီလွင် ပြုစုရေးသားထားတဲ့ "Rudiments and Theory of music"
ဆိုတဲ့ စာအုပ်ကလေးကို Link လေး ပေးထားပါတယ်။
ကျ​နော့်မိတ်ဆွေများ Download ဆွဲယူနိုင်ပါတယ် ခင်ဗျ...။
ကျနော်ယခုတစ်ပါတ် တင်ပြဆွေးနွေးမှာကတော့...
✍✍✍✍✍✍✍✍✍✍✍✍✍✍✍✍
• "Rest" sign တွေရဲ့ duration value တွေအကြောင်း
• "Dotted note" များအကြောင်း
• "Tie note" များအကြောင်း
• "Slur" တွေအကြောင်း
• "Triplet note" တွေရဲ့ အယူအဆတွေအကြောင်းကို...
ကျနော်သိသလောက် အခြေခံလေးတွေမျှဝေသွားမှာပါ။
ကဲ...ကျနော်တို့ "Rest sign" အကြောင်း စလိုက်ရအောင်
⚔⚔⚔⚔⚔⚔⚔⚔⚔⚔⚔⚔⚔⚔⚔⚔
ကျနော်တို့ ပြီးခဲ့တဲ့ အခန်းမှာလေ့လာခဲ့ကြတဲ့ Note တန်ဖိုး (Note value ) ဆိုတာဟာ...Note အသံတစ်ခု
တနည်းအားဖြင့် Pitch အသံတစ်ခု၏ အသံဆွဲထားတဲ့
ကြာချိန်ကို ခေါ်တာပါ...။ အဲဒီ့လို Note တစ်လုံးရဲ့
ကိုယ်ပိုင် ကြာချိန်အပေါ် မူတည်ပြီး သူကတော့
Whole note, သူကတော့ Half note, သူကတော့
Quarter note ဆိုပြီး တန်ဖိုးတွေ ခွဲခြားကြတာလေ...
အဲဒီ့တော့ ကျနော်တို့ဟာ...တူရိယာတစ်ခုခုကို တီးလိုက်တဲ့ အချိန်မှာ ထွက်လာတဲ့ အသံပေါ်မူတည်ပြီး Note
ဆိုတာ ရေးကြရတာမဟုတ်လားဗျ...
ဒါဆို...မတီးပဲနဲ့ ခဏနားနေတဲ့ အချိန်မှာဆိုရင် Note
ရေးစရာ ဘယ်လိုတော့မှာလဲဗျ...နော်
ဒါပေမယ့်...မတီးပဲ နားနေတဲ့ အချိန်ဟာ ဘယ်လောက်ကြာကြာ နားနေမှာလဲဆိုတာကိုတော့ ဂီတပညာမှာ Rest sign တွေနဲ့ ပြရပါတယ်...။မတီးပဲ ရပ်ထားတာ "Rest" ပေါ့ဗျာ။
သီဆို တီးမှုတ် ကခုန်နေမှ ဂီတလို့ ခေါ်တာ မဟုတ်ပါဘူး...။
တိတ်ဆိတ်ငြိမ်သက်ခြင်းဆိုတဲ့..." Rest (or) Silence "
ကလည်း "ဂီတ" အမျိုးအစား တစ်မျိုးပါပဲ ခင်ဗျ...။
"Rest sign" နဲ့ ပတ်သတ်ပြီး နားလည်လွယ်အောင်
ဥပမာပေးရရင်...သကြ်န်ကား လည်ဖူးတဲ့သူတွေ သိကြပါ
လိမ့်မယ်...သကြ်န်ကား တစ်စီးစီးဟာ မီးပွိုင့်မှာ
ကားတွေအရမ်းပိတ်နေလို့ ကားဟွန်းခလုပ်ကို မလွှတ်တမ်း
ဖိထားပြီး " တီ............" လို့ မြည်သံဆွဲပြီး
တီးနေတယ် ဆိုပါစို့ဗျာ။ အဲ...နောက်တစ်စီးကျတော့
သူ့လို မြည်သံဆွဲပီး မတီးဘူး...သူကျတော့ ဟွန်းခလုပ်ကို တစ်ချက်ပြီးတစ်ချက် " တီ...တီ...တီတီ...တီ..."ဆိုပြီး
အဖြတ်အ​တောက်ကလေးတွေနဲ့ တီးတယ်...။ ဘယ်ကားရဲ့ ဟွန်းသံဟာ နားထောင်လို့ပိုကောင်းပါသလဲ...?
ပထမကားရဲ့ ဟွန်းသံဟာ ဆက်တိုက်ကြီး မြည်နေတော့
လူတွေနားငြီးပြီး ဝိုင်းဆဲကြတယ်လေ...။
ဒုတိယကားရဲ့ ဟွန်းသံကျတော့...pith တူနေပေမယ့်
နားနားပြီး တီးတဲ့ အဖြတ်အတောက်ကလေးတွေပါဝင်တော့
Beat တစ်ခုလိုဖြစ်ပြီး ကြားတဲ့လူတွေတောင် ထထခုန်လို့
ပျော်ကြရသေးတယ်လေ...ကြုံဖူးကြလား မသိဘူးနော်။
Note တွေမှာ Whole note, Half note, Quarter
note...စသည်ဖြင့်ရှိကြသလို...
Rest sign တွေမှာလဲ...Whole note တစ်ခုစာကြာချိန် နားမှာလား...Half note တစ်ခုစာကြာချိန် နားမှာလား...Quarter note တစ်ခုစာကြာချိန် နားမှာလားဆိုပြီး..."Whole note rest sign", " Half note rest
sign " , " Quarter note rest sign " ဆိုပြီး...
Rest sign တွေရဲ့ duration value တွေရှိကြပါတယ်
အောက်က ပုံ (၁) မှာဆိုရင် Rest sign တွေရဲ့
တန်ဖိုးတွေကို ဖော်ပြပေးထားပါတယ်...
ပုံ ( ၂) မှာတော့...Note value တွေနဲ့ Rest value
တွေရဲ့ ကြာချိန်တန်ဖိုး ညီမျှတာတွေကို ယှဥ်တွဲဖော်ပြပေး
ထားတာပါ...။
နောက်တစ်ခု ရှင်းပြမှာကတော့..."Dotted note" ပါ...
🔱🔱🔱🔱🔱🔱🔱🔱🔱🔱🔱🔱🔱🔱🔱🔱
Dotted note ဆိုထဲက ရှင်းပါတယ်...Dotted ဆိုတာ
အစက်ကလေး လုပ်ထားတာကိုပြောတာပါ...။
ကျနော်တို့ ဖော်ပြမယ့် Note တစ်ခုသော်လည်းကောင်း၊
Rest sign တစ်ခုသော်လည်းကောင်းပေါ့ဗျာ...
အဲဒီ့ အနောက်ကပ်ရပ်မှာ အမဲရောင် အစက်ကလေး
ချထားတာတွေ့ရင်...အဲဒါ Dotted note ပါ...။
Dotted note မှာလဲ တန်ဖိုး(value) ဆိုတာ ရှိပါတယ်။
သူ့ရဲ့ တန်ဖိုးကျတော့...သူ့ရှေ့မှာ ရှိတဲ့ Note အပေါ်မူတည်ပါတယ်...။
သူ့ရှေ့မှာရှိတဲ့ Note တန်ဖိုးရဲ့ တစ်ဝက်ကို သူက ပိုင်ဆိုင်
ပါတယ်...။သူ့ရှေ့မှာရှိတဲ့ Note က whole note ဆိုရင်...သူက half note တစ်ခုစာ ပိုင်ဆိုင်ပါတယ်...။ သူ့အရှေ့က half note ဆိုရင်...သူက quarter note တစ်ခုစာ ပိုင်ဆိုင်ပါတယ်...။
ဥပမာ..."C" whole note ရဲ့ နောက်မှာ Dotted note ချထားတာတွေ့ရင်..."C" whole note ကို ရေတွက်တော့ "1...2...3...4..." အပြင် သူ့နောက်က
Dotted note အတွက် whole note ရဲ့ တစ်ဝက်ဖြစ်တဲ့ half note တစ်ခုစာ..." 1...2..." လို့ Extension ထပ်ပြီးတိုးလိုက်တဲ့ သဘောပါ...။
Whole note က 4beatစာ ဆိုရင် နောက်ထပ်
Whole note 4beatစာရဲ့ တစ်ဝက် 2beatစာ
အသံကို ထပ်ဆွဲထားတဲ့ သဘောပါ။စုစုပေါင်းဆိုရင် 6beatစာ ဖြစ်သွားတာပေါ့...။
"A" half note ရဲ့ နောက်မှာ Dotted note ချထားမယ်ဆိုရင်..."A" half note ကိုရေတွက်တော့...
" 1...2..."အပြင် သူ့နောက်က Dotted note အတွက်
half note ရဲ့ တစ်ဝက် quarter note တစ်ခုစာ...
" 1..." ဆိုပြီး Extension တိုးပေးလိုက်တာပါ။
Half note က 2beatစာ ဖြစ်တဲ့အတွက်...နောက်ထပ်
2beat ရဲ့ တစ်ဝက် 1beatစာ အသံကိုထပ်ဆွဲထားတဲ့
သဘောပါပဲ...။စုစုပေါင်းဆိုရင် 3beatစာ ဖြစ်သွားတာပေါ့ဗျာ...။
အောက်က ပုံ (၃) မှာလည်း Dotted note များကို
လေ့လာနိုင်ပါတယ်...။
နောက်ထပ်ရှင်းပြမှာက "Tie note" တွေအကြောင်းပါ။⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜
Tie note ဆိုကတည်းက...note တစ်ခုနဲ့ တစ်ခုကို
တစ်ပူးထဲ​ဖြစ်အောင် ကြိုးနဲ့ ချည်ထားတဲ့ သဘောပါ...။
Dotted note အတိုင်း သူလဲ note တစ်ခုရဲ့ ကြာချိန်
တန်ဖိုးကို Extension လုပ်လိုက်တာပါပဲ...။
Tie note ရဲ့ Extension လုပ်ပုံက...pitch တူတဲ့
Note နှစ်ခုကို တစ်ခုနဲ့တစ်ခု မျဥ်းကွေးလေးနဲ့ ဆက်ပေးလိုက်တာပါ...
ပထမတွေ့ရတဲ့ note ကို တီးပြီး ဒုတိယ note ကို Tie
မျဥ်းကွေးနဲ့ ဆက်ထားရင် ဒုတိယ note ကို ထပ်တီးစရာ
မလိုပဲ...ပထမ note ရဲ့ အသံကို ဒုတိယ note ရဲ့ တန်ဖိုးအထိ ဆွဲထားတဲ့ သဘောပါပဲ...။
ဥပမာအနေနဲ့ ပုံ (၄) ကိုကြည့်ပါ...
ပုံ (၄) မှာ ဆိုရင်...Quarter note "F" နှစ်ခုကို
Tie နဲ့ ဆက်ထားတာ တွေ့ရမှာပါ...။အဲဒီ့တော့...
ပထမ quarter note "F" ကိုတီးပါ...ပြီးရင်
ဒုတိယ quarter note "F" ကို မတီးပဲနဲ့...
ပထမတီးထားတဲ့ note ရဲ့ အသံကို...ဒုတိယ note
တန်ဖိုးအထိ အသံဆွဲသွားတာကို ဆိုလိုတာပါ...။
နောက်ထပ်တင်ပြမှာက..."Slur" တွေ အကြောင်းပါ...
♻♻♻♻♻♻♻♻♻♻♻♻♻♻♻♻
Slur ဆိုတာကတော့...Tie note လိုပါပဲ...
သူလဲ note တစ်ခုနဲ့ တစ်ခုကို မျဥ်းကွေးလေးနဲ့ဆက်
လိုက်တာပါပဲ...
ဒါပေမယ့် slur ကျတော့ အသံမတူတဲ့ note ( တနည်းအားဖြင့် Pitch မတူတဲ့ note) တွေကို မျဥ်းကွေးလေးနဲ့ ဆက်သွယ်လိုက်တာပါ...။
ဥပမာပေးရမယ်ဆိုရင်...တယောတို့ Guitar တို့မှာ
ကြိုးတွေကို noteတစ်ခုကနေ note တစ်ခု slide တွေ၊
pull off တွေလုပ်ပြီး တီးလိုက်သလိုပါပဲ...
Keyboard မှာဆိုရင်တော့...Pitch ခလုပ်ကို တွန်းလိုက်တဲ့ သဘောပေါ့...
ဥပမာအားဖြင့်...ပုံ (၅) ကိုကြည့်ပါ...
"D" note နဲ့ "C" note ကို slur လုပ်ထားတာတွေ့ရမှာပါ...
Note တူနေရင်...တနည်းအားဖြင့် Pitch တူနေရင်
Tie note ပါ...။
ခုဟာက "D" နဲ့ "C" နဲ့ဟာ...Note မတူဘူး...
တနည်းအားဖြင့် Pitch မတူဘူးဆိုတော့ slur ဖြစ်သွားတာပေါ့ဗျာ...။
ပုံမှာဆိုရင်.. D ကိုတီးတယ်...ပြီးတော့ C ကိုဆက်မတီး
ပဲနဲ့...D ကိုတီးလိုက်တဲ့ အသံကနေ C အသံကို slide လုပ်သွားတာပေါ့ဗျ...။အဲ့လောက်ဆို သဘောပေါက်မလား မသိဘူးဗျာ...။
နောက်ဆုံးတင်ပြမှာက..."Triplet " အကြောင်းပါ...
🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁
"Triplet " ဆိုတာကတော့...ကိုယ်တီးမယ့် beat ကို
၃ ဂဏန်းနဲ့ စားလိုက်တာပါ...။
Triplet note တွေဟာ...တီးလိုက်ရင် အရမ်းကိုလှပ
ကျစ်လစ်တဲ့ တေးသွားတွေကို ပေးစွမ်းနိုင်ပါတယ်...
ကမ္ဘာကျော် Blues ဂီတဂုရုကြီး Eric Clapton ဟာ
သူ့ရဲ့ Solo အတီးပိုဒ်သံစဥ်တွေ အတော်များများကို
Triplet feeling တွေနဲ့ ပုံဖော်ခဲ့တာပါ...။
Triplet အကြောင်း ရှင်းပြရရင်... ဥပမာအနေနဲ့...
ပုံ (၆) ကိုကြည့်ပါ...
ပုံ (၆) မှာဆိုရင်...Triplet note ၃မျိုးကို တွေ့ရမှာပါ...
ပထမ Triplet က...quarter note ၂ ခုစာ အချိန်အတိုင်းအတာအတွင်း ၃ချက် အညီအမျှ ဝင်အောင်
တီးထားတဲ့ Triplet note ပါ...။ ၂ ကို ၃ နဲ့စားတဲ့
ကြာချိန်ပေါ့ဗျာ...။ တနည်းအားဖြင့် 60 bpm မှာဆိုရင်
၂စက္ကန့် အတွင်း note ၃ လုံးကို အညီအမျှ တီးလိုက်တဲ့
သဘောပေါ့ဗျ...။ ရေတွက်ကြည့်မယ်ဆိုရင်တော့...
ပထမ On beat အစမှာ တစ်ချက်တီးတယ်...ပြီးရင်
ပထမ Off beat ဆုံးခါနီးမှာ တစ်ချက်တီးတယ်...
ပြီးတော့...ဒုတိယ On beat ဆုံးခါနီးမှာ တစ်ချက်တီး
တယ် ပေါ့ဗျာ..။.၂ beat အတွင်းမှာ ၃ ချက် အညီအမျှ
ဝင်အောင် တီးလိုက်တဲ့ သဘောပါ...။ နားမလည်ရင်
လည်း ထားလိုက်ပါ...။ နောက်တော့ လေ့လာရင်း
သိသွားမှာပါ...။ ကျနော့်တုန်းကလဲ ဒီလိုပဲ...ဟဲဟဲ...။
ဒုတိယ Triplet က Eight note ၂ ခုထဲမှာ စုစုပေါင်း
၃ ချက် ဝင်အောင်တီးတဲ့ Triplet ပါ...။အဲဒီ့တော့
Eight note မှာ on beat ကို "1", off beat ကို "&"
လို့ ရေတွက်တာ မဟုတ်လား...။ပြီးခဲ့တဲ့ အခန်းမှာ
ရှင်းပြပြီးသားလေ ။ အဲဒီလို "1" နဲ့ "&" နဲ့အချိန်အတွင်းမှာပဲ note ၃ ချက်အညီအမျှဝင်အောင် တီးလိုက်တာပါ။
တစ်beatကို ၃ချက် အညီအမျှ တီးလိုက်တာပါပဲ...။
On beat အစမှာ တစ်ချက်တီးတယ်...On beat အဆုံး
မှာ တစ်ချက်တီးတယ်...Off beat ဆုံးခါနီးမှာ တစ်ချက်
ထပ်တီးတယ်...တစ်beat ထဲမှာ စုစုပေါင်း ၃ချက်
အညီအမျှ တီးလိုက်တာပဲပေါ့...။ရေတွက်ပုံကတော့...
On beat အစမှာ တီးတာကို "1" လို့ခေါ်ပါ...
On beat အဆုံးမှာ တီးတာကို " trip " လို့ ခေါ်ပါ...
Off beat အဆုံးမှာ တီးတာကို " let " လို့ခေါ်ပါ...
အဲဒီ့လို...eight note triplet တွေကို ရေတွက်ရင်
" 1-trip-let"..."2-trip-let"..."3-trip-let"...
"4-trip-let" ရယ်လို့ ရေတွက်​ကြပါတယ်။ တစ်beatမှာ
သုံးလုံးဆိုတော့... တစ်ဘားမှာ ၁၂ လုံး တီးလိုက်တာပေါ့ဗျ...။
တတိယ Triplet ကတော့...sixteen note ၂ခုထဲမှာ
၃ချက် ဝင်အောင်တီးထားတဲ့ Triplet note ပါ...။
sixteen note တွေမှာက...beat တွေရေတွက်ရင်...
"1 e & a"..."2 e & a"..."3 e & a"..."4 e & a" လို့
ရေတွက်ရကြောင်း အရင်အခန်းမှာ ဖော်ပြပြီးသားပါ
နော်...။အဲဒီ့တော့...sixteen note triplet တွေ
ကျတော့..."1 e" မှာ ၃ချက်တီးတယ်..."& a" မှာ ၃ချက်
တီးတယ်...။တနည်းအား​ဖြင့် On beat မှာ ၃ချက်၊
Off beat မှာ ၃ချက်တီးတာပေါ့ဗျာ ။စုစုပေါင်း ၆ချက်ပေါ့...
သူ့ကို ရေတွက်မယ်ဆိုရင်တော့...On beat မှာ "1-t-e" ,
Off beat မှာ "&-i-a" လို့ သတ်မှတ်ပေးလိုက်ပါ...
အဲဒါဆို..."1-t-e-&-i-a"
"2-t-e-&-i-a"
"3-t-e-&-i-a"
"4-t-e-&-i-a"
အဲဒီ့လို ဖြစ်သွားတာပေါ့ဗျာ ။မှတ်ရ လွယ်သွားတာပေါ့...။
တစ်beatမှာ note ၆ လုံး အညီအမျှ တီးခတ်လိုက်တဲ့သဘောပါ ။တစ်ဘားမှာဆို ၂၄ လုံး​တောင် တီးလိုက်တာပေါ့။
ကဲ...ဒီတစ်ပါတ်ကတော့ ဒီလောက်ပါပဲ...
ကျနော်ရေးသားဆွေးနွေးခဲ့တဲ့ Music Theory အခြေခံ
ဆောင်းပါးများနှင့် ဂီတနှင့်ပက်သက်သော လေ့လာစရာ
များကို မိတ်ဆွေများအနေဖြင့် တစ်စုတစ်စည်းထဲ လေ့လာ
ဖတ်ရှုလိုလျှင်...ကျနော်စုစည်းဖွင့်လှစ်ထားတဲ့...
" Music Theory လေ့လာကြမယ် "ဆိုတဲ့
Public Group သို့ Join ပြီး ဝင်ရောက် လေ့လာနိုင်ကြပါတယ်...ခင်ဗျာ...။
Group link ကတော့ ဒီမှာပါ...👇
မိတ်ဆွေတို့အနေနဲ့...International note တွေအကြောင်း ထပ်မံ လေ့လာချင်တယ်ဆိုရင်တော့...
ကျနော့်မိတ်ဆွေတွေအတွက် အထက်မှာ ပြောခဲ့သလိုပဲ
ဆရာ ဟယ်ရီလွင် ရေးသားပြုစုထားတဲ့...
"Rudiments and Music Theory" ဆိုတဲ့... စာအုပ်ကလေးကို အောက်ပါ link မှာ down ယူကြပါ။
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကြပါစေဗျာ...။
Nay Lin Aung
==========
( တတ်သလောက် မှတ်သလောက် )
 
 
Share on Google Plus

About ဆရာကြီး

0 comments:

Post a Comment